Issue 43

ထိုင်းနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာကျောင်းများ၏အရေအတွက် မြင့်တက်လာသည်နှင့်တစ်ပြိုင်နက်၊ မိဘများသည်လည်း ၄င်းတို့ သားသမီးများ ပိုမိုကောင်းမွန်သည့် ပညာကို သင်ယူရရှိနိုင်ရေးအတွက် နိုင်ငံရပ်ခြားသို့ စေလွှတ်ရန် မလိုအပ်တော့ ပါဟု Bromsgrove အပြည်ပြည်ဆိုင်ရာကျောင်း၏ ကျောင်းအုပ်ကြီးမှဆိုပါသည်။
Bromsgrove အင်တာနယ်ရှင်နယ်ကျောင်း၏ ဒါရိုက်တာတစ်ဦးဖြစ်သူ Duenpen Pawakranond မှ "ထိုင်းမိဘ အတော် များများ ဘာကြောင့် သူတို့ ကလေးတွေကို နိုင်ငံခြားမှာ စာသွားသင်စေချင်တာလဲဆိုတဲ့ အကြောင်းရင်းကို ကျွန်မတို့  နားလည်ပါတယ်။ သူတို့ က အဲဒီမှာ သူတို့ ရဲ့ ကလေးတွေအတွက် ပညာရေးကောင်းမယ်လို့ ယုံကြည်ကြတယ်။ အခု ဒီမှာ (ထိုင်းနိုင်ငံထဲမှာ) လည်းရွေးချယ်စရာတွေရှိနေပါပြီ။ ကျွန်မတို့ ကျောင်းမှာ နိုင်ငံတကာက အဆင့်အတန်းအမြင့်မားဆုံး ပညာရေးစနစ်တွေထဲက တစ်ခုအနေနဲ့ အသိအမှတ်ပြုလက်ခံထားတဲ့ ဗြိတိန်စနစ် ပုံစံပညာရေးကို ချိုသာတဲ့ဈေးနှုန်းနဲ့  သင်ကြားပို့ ချနေပါတယ်" ဟုဆိုပါသည်။
လွန်ခဲ့သည့် 10 နှစ်မှ စတင်တည်ထောင်ခဲ့သည့် Bromsgrove တွင် အခြေခံမူလတန်းမှ အထက်တန်းအထိ ဗြိတိန်နိုင်ငံမှ အသိအမှတ်ပြုဆရာ/မများနှင့် ဗြိတိန်နိုင်ငံ၏ သင်ရိုးညွှန်းတန်းအတိုင်း ကျောင်းအိပ်ကျောင်းစား နှင့် ဒေး (day) နှစ်မျိုး တက်ရောက်နိုင်ရန် စီစဉ်ထားရှိပေးပါသည်။ ကျောင်းတွင် ယခုလက်ရှိ နိုင်ငံပေါင်း 12 နိုင်ငံမှ ကျောင်းသားကျောင်းသူပေါင်း 400 နီးပါးရှိပါသည်။
Pawakranond မှ ကျောင်း၏အားသာချက်များထဲမှတစ်ခုသည် ၄င်း၏အတန်းအရွယ်အစားပင်ဖြစ်ကြောင်း ဆိုပါသည်။ "ကျွန်မတို့ က ကျောင်းသားတစ်ဦးချင်းစီကို သေသေချာချာ ဂရုစိုက်နိုင်ဖို့ အတွက် အတန်းရဲ့ အရွယ်အစားကို သေးသေး ပဲထားပါတယ်။ ဒါ့အပြင်၊ ကျောင်းသားနည်းနည်းပဲပါတဲ့အဖွဲ့ လေးတွေနဲ့ ဆိုရင် အရမ်းကို ထိရောက်မှုရှိတဲ့ ကျောင်းသား တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ တတ်ကျွမ်းမှုအရည်အချင်းကို ရှေးရှုတဲ့ လေ့လာသင်ယူမှုလည်းပါဝင်တယ်" ဟု ၄င်းမှဆိုသည်။

 

ကျောင်း၌ နှစ်ပေါင်း 460 ကျော်အဓွန့် ရှည်ကြာခဲ့ပြီဖြစ်သော ယူကေရှိ Bromsgrove ကျောင်း၊ တောင်ကိုရီးယား နိုင်ငံရှိ အကောင်းဆုံးကျောင်းများထဲမှ တစ်ကျောင်းအဖြစ် အသိအမှတ်ပြုထားခြင်းခံရသည့် Daewon နိုင်ငံခြား ဘာသာ သင် အထက်တန်းကျောင်း (Daewon Foreign Language High School) အစရှိသည့်ဂုဏ်သတင်းကြီးမားသည့် ကျောင်းများ နှင့် exchange အစီအစဉ်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကျောင်း၌် ဤ ပညာသင်ကြားရေးဆိုင်ရာအားသာချက်သာမက၊ အခြားသော သင်ရိုးညွှန်းတမ်းပြင်ပ လှုပ်ရှားဆောင် ရွက်မှုများလည်း ရှိသည်။
ကျောင်းဒါရိုက်တာမှ "ကျွန်မတို့ ကအိမ်နဲ့ တူတဲ့ဝန်းကျင်မှာ အကောင်းဆုံးလူမှုရေးဆိုင်ရာ စောင့်ရှောက်ပြုစုတာ တွေကို လည်းလုပ်ပေးပါတယ်။ ကျောင်းချိန်ပြင်ပ ဆောင်ရွက်လှုပ်ရှားမှုတွေအနေနဲ့ ချက်တာပြုတ်တာ၊ အားကစားလုပ်တာနဲ့  နည်းပြတွေနဲ့ စာသင်ပေးတာတွေကို လုပ်ပေးပါတယ်။ အမြဲပဲ လုပ်ငန်းတာဝန်တွေနဲ့ မအားမလပ်ဖြစ်နေကြတဲ့ မျက်မှောက် ခေတ်မိဘတွေအတွက် အကောင်းဆုံးဖြေရှင်းနည်းပဲဖြစ်ပါတယ်။ သူတို့ ကလေးတွေရဲ့ တိုးတက်မှုအကြောင်းကို လိုင်း ဒါမှ မဟုတ် ဖုန်းကနေတဆင့် ကျွန်မတို့ ဆီကို အချိန်မရွေးဆက်သွယ် ဆွေးနွေးနိုင်ပါတယ်" ဟုဆိုပါသည်။
ယနေ့ ထိုင်းနိုင်ငံတွင် အင်တာနယ်ရှင်နယ်ကျောင်းကဏ္ဍသည် ခန့် မှန်းခြေအားဖြင့် ကျောင်းပေါင်း 120၊ ထို့ ပြင် နောက်ထပ် ပေါ် ထွက်လာမည့် ကျောင်းများစွာနှင့် ကြီးမားသည့် စီးပွားလုပ်ငန်းကဏ္ဍတစ်ခုဖြစ်နေပါသည်။
Pawakranond မှ "အာဆီယံစီးပွားရေးအဖွဲ့ အစည်း (ASEAN Economic Community (AEC)) ဖွဲ့ စည်းတည်ထောင်ထား ပြီးဖြစ်တဲ့အတွက်ကြောင့် အဖွဲ့ ဝင်နိုင်ငံအချင်းချင်းကြား မှာရှိတဲ့ ထိရောက်တဲ့ ဆက်သွယ်ရေးတွေက အောင်မြင်မှုရဲ့ အဓိက သော့ချက်ပဲဖြစ်ပါတယ်။ နောက်မှာ ယဉ်ကျေးမှုချင်းဖလှယ်တာလိုက်လာတဲ့ အင်္ဂလိပ်စကားနဲ့ ပြောဆိုဆက်ဆံနိုင်ဖို့ က ပထမဦးစားပေးဖြစ်တယ်ဆိုတာ ယုံမှားသံသယမရှိနိုင်ပါဘူး။ အင်တာနယ်ရှင်နယ်ကျောင်းတွေမှာ တက်ရောက်ပညာ သင်ကြားနေကြတဲ့ ကျောင်းသားတွေမှာ အရေးသာနေတာ အမှန်အကန်ပါပဲ။ သူတို့ က အင်္ဂလိပ်စကားကို ပြေပြေ ပြစ်ပြစ် ပြောနိုင်တယ်။ နားလည်နိုင်တယ်။ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကိုလည်း နားလည်နိုင်ကြတယ်။ ဘာကြောင့်လဲဆိုရင် ကျောင်းမှာ နိုင်ငံအသီးသီးက သူငယ်ချင်းတွေရှိလို့ ပဲဖြစ်တယ်" ဟု ပြောပြပါသည်။
Bromsgrove အင်တာနယ်ရှင်နယ်ကျောင်းသည် ထိုင်းနိုင်ငံရှိ ထိပ်တန်းအင်တာနယ်ရှင်ကျောင်း 10 ကျောင်းတွင် တစ်ကျောင်း အပါအ၀င်ဖြစ်သော်လည်း၊ ၄င်း၏ကျောင်းသားများအတွက် အကောင်းဆုံးပညာရေးကို ပေးအပ်နိုင်ရန် အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် သံဓိဌာန် ချထားသည်။ "ကျွန်မတို့ ရဲ့ ကျောင်းက သစ်ပင်နဲ့ တူတယ်။ သူ့ ကို စိုက်ထားပြီး ရှင်သန်ကြီးထွားလာဖို့ အတွက် ဆက်ပြီးပြုစုပျိုးထောင်ရအုံးမယ်။ ကျွန်မတို့ ရဲ့ ကျောင်းသားတွေအတွက် အရိပ်သဖွယ်နားခိုရာ အိမ်အဖြစ်နဲ့ ခိုင်ခိုင်မာမာအတည်တကျတိုးတက် ကြီးပွားလာတာကို မြင်ချင်ပါတယ်" ဟု Pawakranond မှဆိုပါသည်။
ပိုမိုသိရှိလိုပါက www.bromsgrove.ac.th အားဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။
Patcharee Taedangpetch မှရေးသားတင်ဆက်သည်။ ဓာတ်ပုံများအား Bromsgrove အင်တာနယ်ရှင်နယ်ကျောင်း၏ ခွင့်ပြုချက်ဖြင့် ရယူပါသည်။

 


 

 

368635