Issue 42

ကြီးမာကျယ်ပြန့် လာသည့် အိမ်မွေးတိရိစ္ဆာန်အသုံးအဆောင်ပစ္စည်းများဆိုင်ရာစီးပွားရေးလုပ်ငန်းသည် အမျိုးသမီးတစ်ဦး မှ သူမ၏ခွေးအပေါ်ထားရှိသည့် မေတ္တာတရားဖြင့် စတင်ပေါ်ပေါက်လာခဲ့ပါသည်။
ခွေးသည် လူသား၏မိတ်ဆွေစစ် အဖော်မွန် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့ သော် ယေဘုယျအားဖြင့် အားလုံးသော အိမ်မွေးတိရိစ္ဆာန်လေးများသည် ထိုင်းစီးပွားရေးအတွက် အကျိုးအမြတ်ဖြစ်ထွန်ကြောင်း သက်သေပြနေပါသည်။
ထိုင်းအိမ်မွေးတိရိစ္ဆာန်ဆိုင်ရာအသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းအဖွဲ့ အစည်း (Thai Pet Product Industries Association) ၏ 2014 ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ၊ 2014 ခုနှစ်တွင် လုပ်ငန်းမှရရှိခဲ့သော ၀င်ငွေမှာ ဘတ်သန်းပေါင်း 11,000 ရှိသည်ဟုဆိုပါသည်။ ယခင်နှစ်ထက် ၀င်ငွေ 10% တိုးတက်လာကြောင်း ပြဆို ထားပါသည်။
2014 ခုနှစ်၏ Talent Thai Award ဆုရှင် Mha Dog and Living မှာ ဤရေစီးကြောင်း၏ သက်သေပင်ဖြစ်ပါသည်။ အမှတ်တံဆိပ်သည် ၄င်း၏မန်နေးဂျင်းဒါရိုက်တာလည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်သည့် Anchana Thongpaithoon မှ သူမ၏ချစ်စဖွယ်ခွေးငယ်လေးအတွက် အသုံးအဆောင်ပစ္စည်းများကို ရှာဖွေရာမှ စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ် ပါ သည်။

Thongpaithoon မှ "ကျွန်မရဲ့ ချစ်မေတ္တာတွေနဲ့ ဒီ Mha Dog and Living ကပေါ်ပေါက်လာတာပါ။ ကျွန်မရဲ့ ပါပီလေး အတွက် ဒီဇိုင်းလှလှလေးတွေနဲ့ ပစ္စည်းတွေကို ဈေးထဲမှာရှာတာ ဘယ်မှာမှရှာလို့ မတွေ့ ဘူး။ ဒါနဲ့ ကျွန်မက အဲဒီ ပစ္စည်း တွေကို ကိုယ်တိုင်ဖန်တီးတော့တာပဲ။ အစမ်းလုပ်ကြည့်တာတွေနဲ့ အမှားတွေအပေါ်က သင်ခန်းစာယူပြီးတဲ့နောက် စပြီးရောင်းချခဲ့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ Mha Dog and Living တံဆိပ်ပေါ်လာတာပါပဲ" ဟုပြောပြပါသည်။

သုံးနှစ်ကြာပြီးနောက် ပစ္စည်းများ၏အရည်အသွေးကောင်းမွန်မှု၊ အများနှင့်မတူ တမူထူးခြားသည့် ဒီဇိုင်းလက်ရာများအား ဖန်တီး နိုင်မှု၊ သခင်နှင့် အိမ်မွေးတိရိစ္ဆာန်လေးများအကြား ထားရှိသည့် သံယောဇဉ်အားပိုမိုခိုင်မြဲလာစေရန် ပံ့ပိုးကူညီ ပေးနိုင်မှု များဖြင့် Mha Dog and Living ၏ဂုဏ်သတင်းလည်းကျော်စောလာခဲ့ရပါတော့သည်။
"သခင်တွေနဲ့ သူတို့ ရဲ့ အချစ်တော်အိမ်မွေးတိရိစ္ဆာန်လေးတွေအတွက် ထူးခြားကောင်းမွန်တဲ့အချိန်ကို အတူတကွ ပိုင်ဆိုင်နိုင်ဖို့ အတွက် ကျွန်မရဲ့ ပစ္စည်းတွေကိုထုတ်လုပ်ထားတာပါ။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မရဲ့ ပုဝါ က ရယ်ဒီမိတ် မဟုတ်ပါဘူး။ ကျွန်မက သခင်တွေကို သူတို့ မွေးထားတဲ့တိရိစ္ဆာန်လေးတွေကို ကိုယ်တိုင်စည်းပေးစေချင် တာပါ။ ဒါကသူတို့ အကြား သံယောဇဉ်ကြိုးနှောင်ဖွဲ့ နိုင်ဖို့ အတွက် ကူညီပေးခြင်းပါပဲ" ဟု Thongpaithoon မှဆိုပါသည်။
ဆန်းသစ်သည့်အပြင် သေသပ်စွာပြုလုပ်ထားသော ရွက်ဖျင်တဲလေးများ၊ လက်ဖြင့်ချုပ်လုပ်ထားသည့် ကူရှင်များ နှင့် လှပ သည့်လည်စည်း ပုဝါလေးများအစရှိသည့် သာလွန်ကောင်းမွန်သော အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများအပြင်၊ ရွှံ့  ညွှန်တွင်အသုံးပြုနိုင်သည့် ပစ္စည်းများ (Mud Collection) နှင့် သတင်းအတွက်အသုံးပြုနိုင်သည့် ပစ္စည်းများ (The Message Collection) စသည့် ပစ္စည်းအမျိုးအစားနှစ်မျိုးကို Thongpaithoon မှလတ်တလောတွင် တီထွင်ထုတ်လုပ် ထားပါသည်။
၎င်းမှ "အခုအခြေအနေပေါ်မူတည်ပြီး သတင်းစကားပါးချင်ပါတယ်။ ဥပမာ- လွန်ခဲ့တဲ့တစ်နှစ်လောက်က ထိုင်းနိုင်ငံမှာ ခွေးတွေကိုကုန်ကူးတယ်ဆိုပြီး သတင်းတွေထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်မက ကျောမှီခေါင်းအုံးကြီးကို ဖန်တီးပြီး "ခွေး တွေက မိတ်ဆွေပါ။ အစာမဟုတ်ပါ။" ဆိုတဲ့စာသားကိုရေးထိုးခဲ့တယ်။ ကျွန်မ ဒီသတင်းစကားနဲ့ အသိပညာပေးချင်ပါ တယ်။ ၀ယ်ယူသူတွေရဲ့ ငွေတစ်ချို့ ကိုလည်း လူမှုရေးအဖွဲ့ အစည်းအမျိုးမျိုးကို ပြန်လည်လှူဒါန်းပါတယ်" ဟုပြောပါသည်။
ဖေ့စ်ဘွတ် (Facebook) နှင့် အင်စတာဂရမ် (Instagram) အပါအ၀င် လူမှုရေးမီဒီယာများသည် တံဆိပ်ကို နိုင်ငံရပ်ခြား ဈေးကွက်များ - အထူးသဖြင့် ယူကေနှင့် ဂျပန် နိုင်ငံများ တွင်နေရာရနိုင်ရန် အတွက် အထောက်အကူ ပေးကြပါသည်။ "သူတို့ တွေက ကျွန်မတို့ ရဲ့ ပစ္စည်းတွေကိုကြိုက်ကြတယ်။ အခုဆိုရင် ပစ္စည်းဝယ်ဖို့ အလားအလာရှိတဲ့သူတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေပါပြီ" ဟုသူမမှဆိုပါသည်။
ထိုင်းနိုင်ငံနှင့် အခြားသောနိုင်ငံများရှိ ၀ယ်ယူသူများ၏စိတ်ဝင်စားမှုရရှိနေပြီဖြစ်သော်လည်း၊ ဈေးကွက်အတွင်း ဆက်လက်ယှဉ်ပြိုင်နိုင်ရန် နှင့် ၀ယ်ယူသူများ၏အမြင့်မားဆုံးစိတ်ကျေနပ်မှုကို ရရှိနိုင်ရန်အတွက် Thongpaithoon မှ ပစ္စည်းအသစ်များကိုဆက်လက် ဖန်တီးနေဦးမည်ဖြစ်ကြောင်း ပြောဆိုပါသည်။
၎င်းမှ "အကောင်းဆုံးအရည်အသွေးနဲ့ ဝန်ဆောင်မှုကို ထိန်းသိမ်းထားဖို့ ကအရမ်းကို အရေးကြီးပါတယ်။ ကျွန်မတို့ ရဲ့  ပစ္စည်း အတော်တော်များများက ဒီဇိုင်းလက်ရာအနုစိတ်ပြီး လက်နဲ့ လုပ်ရတာပါ။ ကျွန်မက ပစ္စည်းတွေရဲ့ ထုတ်လုပ်မှုကို ပထမ ဆုံးစခဲ့တဲ့အချိန်တုန်းကလိုပဲ ကိုယ်တိုင်ကြီးကြပ်တာပါ။ နောက် အမြဲပဲဆက်လက်ကြီးကြပ်နေဦးမှာပါ။ ကျွန်မက ချစ်ခြင်း မေတ္တာနဲ့ စတင်ထုတ်လုပ်ခဲ့တာဖြစ်တဲ့အတွက် တိရိစ္ဆာန်လေးတွေကိုချစ်တဲ့သူတွေကိုလည်း စာနာနား လည်ပါ တယ်။ သူတို့ ရဲ့ တိရိစ္ဆာန်လေးတွေအတွက်အကောင်းဆုံးဆိုတဲ့အရာတွေကို လိုချင်ကြမှာပါ။ ကျွန်မရဲ့ အလုပ်က သူတို့  ရှာဖွေနေ တဲ့အရာကို ဖြည့်ဆည်းပေးဖို့ ပါ" ဟုပြောပြပါသည်။


ပိုမိုသိရှိလိုပါက www.facebook.com/Mha-Dog-And-Living အားလေ့လာဖတ်ရှုနိုင်ပါသည်။
Patcharee Taedangpetch မှရေးသားတင်ဆက်သည်။ ဓာတ်ပုံများကို Mha Dog and Living ၏ခွင့်ပြုချက်ဖြင့် ရယူပါသည်။

 

 

 

368443