Issue 41

စက်မှုလုပ်ငန်းမြှင့်တင်ရေးငှာန (The Department of Industrial Promotion) မှ ထိုင်းနိုင်ငံအား ဒေသတွင်း ထုတ်လုပ်မှုလုပ်ငန်းများ၏ ငှာနချုပ် ဖြစ်လာစေရန်အတွက် အားပေးလှုံ့ ဆော်မည့် ၄င်း၏နည်းဗျူဟာသစ်တွင် Big Five ကိုဦးတည်ရှေးရှုထားပါသည်။


စက်မှုလုပ်ငန်းမြှင့်တင်ရေးငှာန (The Department of Industrial Promotion) ၏ လက်ထောက် အထွေထွေ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သည့် Prasong Nilbanchong မှ ထိုင်းနိုင်ငံအား ကမ္ဘာ့အကောင်းဆုံးထုတ်လုပ်မှုလုပ်ငန်း များ၏ ငှာနချုပ်များ တွင် တစ်ခုအပါအ၀င် ဖြစ်လာစေမည့် ငှာန၏ နည်ဗျူဟာသစ်အား ထုတ်ပြန်ကြေငြာခဲ့သည်။

 


2015 ခုနှစ်၊ စက်တင်ဘာလ 25 နေ့ တွင် IMPACT Arena ကွင်း၊ ဘန်ကောက်မြို့ တွင် ပြုလုပ်ကျင်းပခဲ့သည့် ၀န်ကြီးချုပ်၏ အကောင်းဆုံး စက်မှုလုပ်ငန်းဆု 2015 ခုနှစ် အတွက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် "အခြား တိုင်းပြည်တွေနဲ့ ပိုမိုပြီး ထိထိရောက်ရောက် ယှဉ်ပြိုင်နိုင်ဖို့ အတွက် ကျွန်တော်တို့ ရဲ့ အဓိကစက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ ဖြိုးလာဖို့ ဦးတည်တဲ့ လမ်းကြောင်းသစ်တွေချထားဖို့ လိုပါတယ်" ဟု Nilbanchong မှပြောဆိုပါသည်။


ထို့ နောက်၊ Nilbanchong မှ အဓိကအားဖြင့် Big Five ဟု သတ်မှတ်ခေါ်တွင်ထားသည့် အစားအသောက်လုပ်ငန်း (food and beverage)၊ မော်တော်ကားနှင့် အစိတ်အပိုင်းများ လုပ်ငန်း (automobile and autoparts) ၊ အ၀တ် အထည် လုပ်ငန်း (textiles)၊ ရာဘာလုပ်ငန်း (rubber) ၊ လျှပ်စစ်ဆိုင်ရာ နှင့် အီလက်ထရွန်နစ်ဆိုင်ရာ လုပ်ငန်းများ (electrical and electronics industries) စသည့် တိုင်းပြည်၏ အရေးပါသည့် စက်မှုလုပ်ငန်းများကို တွန်းအားပေး မည့် ငှာန၏အစီအစဉ်ကို ရှင်းလင်းတင်ပြပါသည်။


ငှာနမှ ၀န်ကြီးချုပ်၏ အကောင်းဆုံး စက်မှုလုပ်ငန်းဆု (the Prime Minister's Best Industry Award) အစီအစဉ် ကို 1993 ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။ စီနီယာ ကော်မတီများသညှ် အမျိုးမျိုးအပြားပြားသော စက်မှုလုပ်ငန်းများမှ အကောင်းဆုံး ကုမ္ပဏီများကို အတူတကွ ရွေးချယ်ကြပါသည်။ လုပ်ငန်းရှင်များကို ဤဆုကြီး အား ဆွတ်ခူးရရှိနိုင်ရန်အတွက် ၄င်းတို့ ၏ စီမံခန့် ခွဲမှုနှင့် ထုတ်ကုန် အရည်အသွေးကို မြှင့်တင်ကြရန် တိုက်တွန်း အားပေးလှုံ့ ဆော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။


2015 ခုနှစ်အတွက် United Farmer and Industry (MitrPhuViang Branch) မှ အကောင်းဆုံး စီမံခန့် ခွဲမှုဆု ကို ရရှိခဲ့ပြီး CNC D-TEX မှ SME ထူးချွန်ဆုကို ရရှိခဲ့ကြပါသည်။


၎င်းတို့ ၏ သာလွန်ကောင်းမွန်သည့် အရည်အသွေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် စီမံထား ရှိသည့် စနစ်များကြောင့် United Farmer and Industry ဆုကြီးကိုလက်ခံရရှိခဲ့ခြင်းဖြစ်သည်။ United Farmer ၏ မန်းနေးဂျင်းဒါရိုက်တာ တစ်ဦးဖြစ်သည့် Kanong Sakpetch မှ "ဆုကြီးကို လက်ခံရရှိလို့ အရမ်းကို ပျော်ရွှင်ရတယ်။ ကျွန်တော်တို့ ရဲ့ စီမံခန့် ခွဲမှုကို တိုးတက်ကောင်းမွန်အောင်အမြဲပဲကြိုးစားတယ်။ ဘာကြောင့်ဆိုရင် စဉ်ဆက်မပြတ် ဖွံ့  ဖြိုးတိုးတက်ရမယ်လို့ ယုံကြည်ထားတဲ့အတွက်ပဲဖြစ်ပါတယ်။ ဒီအချက်က ကျွန်တော်တို့ ရဲ့ ကုမ္ပဏီကို ထိုင်းနိုင်ငံရဲ့  ထိပ်တန်းကုမ္ပဏီတွေထဲမှာ ပါဝင်စေလို၊ ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံးသကြား နဲ့ ဇီဝနည်း ပညာ လုပ်ငန်းတွေရှိ တဲ့နိုင်ငံတွေထဲ ထိုင်းနိုင်ငံကိုလည်း ပါဝင်စေဖို့ ကူညီပေးနေခြင်းဖြစ်ပါတယ်" ဟုပြောဆိုပါသည်။


CNC D-TEX ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သည့် Namchai Sakulchoknamchai မှ ဆုကြီးသည် မော်တော်ကားနှင့် ဆိုင်သည့် ကုမ္ပဏီအတွက် ကြီးမားသည့် အကျိုးဖြစ်စေမည်ဟု ထင်မြင်ခံစားရကြောင်း ဆိုပါသည်။ ၄င်းမှ "စက်မှုလုပ်ငန်းဆု 2015 ခုနှစ် (Industry Award 2015) ကအရမ်းကို အားဖြစ်စေတယ်။ အဲဒီဆုက ကျွန်တော်တို့  စီမံခန့် ခွဲမှုအသင်း နဲ့ အလုပ်သမားဝန်ထမ်းတွေကို အနာဂတ်မှာ အတတ်ပညာပိုင်းဆိုင်ရာ ပိုမိုတတ်ကျွမ်းတဲ့ ပညာရှင် တွေဖြစ်ဖို့ ထိထိရောက်ရောက် အားပေးနေပါတယ်။ ဒါ့အပြင်၊ ယှဉ်ပြိုင်မှုပြင်းထန်တဲ့ ကမ္ဘာကြီးကို ရင်ဆိုင်ဖို့  ဒီ လုပ်ငန်းကို ခွန်အားတွေပေးနေတာပဲဖြစ်ပါတယ်" ဟုပြောပြပါသည်။


အဓိက စီးပွားရေးလုပ်ငန်းများမှ အောင်မြင်မှုများရရှိထားသော်လည်း၊ ထိုင်းနိုင်ငံ၏ SME များသည် မြောက်မြားစွာ သော ပံ့ပိုးကူညီမှုများကို လိုအပ်လျက်ရှိနေဆဲပင် ဖြစ်ပါသည်။ Prasong Nilbanchong မှ "အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေရဲ့ အစိတ်အပိုင်းကဏ္ဍက 95% ထက်မြင့်မားနေပေမဲ့၊ သူတို့ တွေလည်း စိတ်ခေါ်မှု အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရဆဲပါပဲ။ ဒါကြောင့်၊ သူတို့ တွေ တဖြည်းဖြည်းနဲ့ ပိုပြီး ကြီးထွားလာဖို့ အတွက် ပံ့ပိုးရာမှာ ၀န်ကြီးငှာန အနေနဲ့  အဓိကအခရာ အစီအစဉ် (master planning) အတွက် နဲ့ သူတို့ တွေ ရှေ့ ကိုအတူတကွ ဆက်လက်ချီတက် ဖို့ အတွက် စဉ်ဆက်မပြတ် တာဝန်ယူဖို့ လိုပါတယ်" ဟုဆိုပါသည်။


ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု၍ www.dip.go.th လေ့လာဖတ်ရှုနိုင်ပါသည်။
Patcharee Taedangpetch မှရေးသားတင်ဆက်သည်။

 

 

 

368218