ဘန်ကောက်စတင်းမ်ဆဲလ်၏စီအီးအိုမှ ကုမ္ပဏီသည် မိမိတို့၏ဆေးဝါးနည်းပညာကို သုံးစွဲသူတို့မှ ပိုမိုလက်လှမ်းမှီရယူသွားနိုင်အောင်နှင့် ဒေသတစ်ခုလုံး ဖြန့်ကျက်သွားနိုင်စေရန် လုပ်ဆောင်သွားရန်မည်သို့ဆန္ဒရှိနေပါသည်ဟု ရှင်းပြပါသည်။

ဘန်ကောက်စတင်းမ်ဆဲလ်ခေါ် ဘီအက်စ်စီ(BSC) ကို 2010 ခုနှစ်၌ စတင်းမ်ဆဲလ်သုတေသနကျွမ်းကျင်သူပညာရှင်များဖြစ်သော ဆရာဝန်များနှင့် သိပ္ပံပညာရှင်တို့က တည်ထာင်ခဲ့ပါသည်။ တည်ထောင်ပြီးငါးနှစ်ကာလအတွင်း ဘီအက်စ်စီသည် အမေရိကားရှိ အမျိုးသားပတ်ဝန်းကျင်ထိန်းညှိမှုဗျူရို(NEBB) နှင့် ဆဲလ်လူလာကုထုံးအရည်အသွေးထောက်ခံချက်ဖောင်ဒေးရှင်း(FACT) တို့ပါဝင်သည့် အဖွဲ့အစည်းများစွာမှ အရည်အသွေးအသိအမှတ်ပြုလက်မှတ်ကို ရရှိထားသည့်အပြင် အပြည်ပြည်ဆိုင်ရာဆဲလ်လူလာကုထုံး အဖွဲ့အစည်း၏ အဖွဲ့ဝင်လည်း ဖြစ်လာခဲ့ပါသည်။

ကုမ္ပဏီတွင်း၌ရှိနှင့်ပြီးသော သိပ္ပံပညာရှင်များနှင့်ဆရာဝန်တို့ပါဝင်သည့်အဖွဲ့ဖြင့် ဘီအက်စ်စီသည် နည်းပညာဝယ်ယူတင်သွင်းမှုအပေါ် အားပြုရသည့် အခြားကုမ္ပဏီများထက် များစွာသာလွန်သည့်ဝန်ဆောင်မှုကို ကမ်းလှမ်းပေးအပ်နိုင်ပါသည်။

 “ကျွန်တော်တို့ရဲ့ ဘဏ်မှာစတင်းမ်ဆဲလ်သိမ်းဆည်းထားရှိမှုအတွက် ဖောက်သည်တစ်ဦးချင်းစီအား ဘတ် 60,000-90,000 သာ ကျသင့်တဲ့အချိန်မှာ အခြားနိုင်ငံတကာကုမ္ပဏီနာမည်နဲ့ဖရင်ချိုင့်ကိုယ်စားလှယ်ဝန်ဆောင်ပေးသူတွေက ပိုများတဲ့သိမ်းဆည်းခ တောင်းနေပါတယ်” လို့ ဘီအက်စ်စီရဲ့ စီအီးအိုဖြစ်သူ ဒေါက်တာဗီရဖွန် ခေးမာရန်စန်းက ပြောပါတယ်။ ယူတဲ့ဈေးပိုနည်းပေမယ့် ဘယ်လိုနည်းနှင့်ပဲဖြစ်ဖြစ် ၀န်ဆောင်မှုစံနှုန်းကိုလျှော့ပြီးတော့ လုပ်မှာမဟုတ်ပါဖူးလို့ ဆက်လက်ပြီးတော့ သူကပြောပါတယ်။

ဒေါက်တာခေးမာရန်စန်းရဲ့အဆိုအရ ဘီအက်စ်စီဟာ သက်ကြီးပိုင်းလူတွေအတွက် အဒီပို့အဆီတစ်ရှူးဘဏ်ထားရှိပေးနေတဲ့ အာရှရဲ့ တစ်ခုတည်းသော ဆေးဝါးလုပ်ငန်းဌာန ဖြစ်ပါတယ်။ ဒီဌာနဟာ ထိုင်းနိုင်ငံရဲ့ “အကြီးဆုံးနှင့် အတွေ့အကြုံအများဆုံး မဲဆင်ခိုင်မယ်လ် စတင်းမ်ဆဲလ်ဘဏ်” လည်း ဖြစ်ပါတယ်။

 

“ဒီအမျိုးအစား စတင်းမ်ဆဲလ်တွေဟာ ပိုမိုတာရှည်ခံကြောင်း၊ ထုတ်ယူရရှိဖို့ပိုလွယ်ကြောင်း၊ မျိုးရိုးဗီဇပိုင်းအရ ပိုမိုတည်မြဲကြောင်းနှင့် အားလုံးထဲမျာ အရေးအကြီးဆုံးအချက်ကတော့ ကိုယ်တွင်းမှာတွေ့ရတဲ့ တစ်ရှူးအင်္ဂါအမျိုးစုံအဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းရည်ရှိတယ်လို့  ဆရာဝန်တွေနှင့် သုတေသနပြုသူတွေမှ တွေ့ရှိထားကြောင်း” သူက ပြောပါတယ်။

ဆဲလ်အရည်အသွေးပျက်ယွင်းမှုနှင့် ဆက်စပ်တဲ့ရောဂါဖြစ်ပျက်မှုတွေ တိုးလာတဲ့အတွက် ထိုင်းနိုင်ငံမှာ စတင်းမ်ဆဲလ်ထားသိုမှု ဘဏ်လုပ်ငန်းဟာ ကြီးမားတဲ့အလားအလာကောင်းရှိတယ်လို့ ဒေါက်တာခေးမာရန်စန်းမှ ယုံကြည်ပါတယ်။ ၀မ်းနည်းစရာ ကောင်းတာကတော့ ဒီဝန်ဆောင်မှုကို ပိုကြွယ်ဝချမ်းသာသူတွေမှသာ သုံးစွဲဖို့တတ်နိုင်သေးတာပါပဲ။

 “လက်ရှိ ကျွန်တော်တို့ရဲ့ဖောက်သည်တွေဟာ လူမှုအဖွဲ့အစည်းရဲ့ အေ(A)နှင့် ဘီအပေါင်း(B+)ဂဏ္ဌက လူတွေပါ” လို့ သူက ပြောပါတယ်။ “မကြာခင်မှာ ကျွန်တော်တို့ ဘီ(B) အပိုင်းဂဏ္ဌလူတွေဆီကို ထိုးဖောက်ဝင်ရောက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ကျွန်တော်တို့ဟာ သူတို့ရဲ့စတင်းမ်ဆဲလ်သိမ်းဆည်းမှုအမြင်တွေကို ပြောင်းလဲပေးချင်ပါတယ်။ - ဒါဟာ အမှန်ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး၊ ဒီအတွက် ကြောက်စရာလည်း မရှိတော့ပါဘူး”


စတင်းမ်ဆဲလ်ဘဏ်မှာဆဲလ်သိမ်းဆည်းထားသိုမှုအကျိုးကျေးဇူးအကြောင်း ထိုင်းနိုင်ငံတွင်းရှိ လူအများမှ အသိဗဟုသုတမရှိကြသေး သည့်အချိန်မှာပင် ဘီအက်စ်စီသည် ပြီးခဲ့သောနှစ်က 130% နှင့် ယခုနှစ်တွင်နောက်ထပ် 150% အထိ လျင်မြန်သည့် ကြီးထွား တိုးတက်မှု ရရှိခဲ့ပါသည်။ ကုမ္ပဏီသည် ၎င်း၏လုပ်ငန်းကို ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့သို့ တိုးချဲ့ခဲ့ပြီး၊ လက်ရှိ၌ စင်ကာပူနိုင်ငံရှိ ဆေးဝါးကုသဆေးခန်းများနှင့် ကန်ထရိုက်စာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေသလို၊ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့မှလည်း အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများအတွက် အပေါင်းလက္ခဏာတုံ့ပြန်မှုများကို ပြသခဲ့ပါတယ်။ ဆိုခဲ့ပါနိုင်ငံတွေမှာ စတင်းမ်ဆဲလ်အသိပညာတွေ တိုးလာတာနှင့်အမျှ ဘီအက်စ်စီအတွက် ကြီးမာတဲ့အခွင့်အလမ်းတွေ ဖြစ်လာစေလိမ့်မယ်လို့လည်း ဒေါက်တာခေးမာရန်စန်းမှ ယုံကြည်လျက် ရှိပါတယ်။

ပင်လယ်ရပ်ခြားမှာရှိတဲ့ ကုမ္ပဏီရဲ့တိုးချဲ့အောင်မြင်မှုတွေအတွက် ကျေနပ်နေသော်လည်း၊ ဆရာဝန်ကောင်းတစ်ယောက်အဖြစ် သူဟာ သူ့ရဲ့မွေးဇာတိနိုင်ငံရှိ အဆင့်မြှင့်ဆေးဝါးကုသမှုနည်းပညာတွေ တိုးတက်ရေး၌ နှစ်မြှုပ်ကာဆောင်ရွက်ပေးလျက် ရှိပါသည်။

 “ထိုင်းသိပ္ပံပညာရှင်တွေနှင့်ဒေါက်တာတွေကို စတင်းမ်ဆဲလ်နည်းပညာကျွမ်းကျင်သူပညာရှင်တွေဖြစ်လာအောင် အကူအညီ ကျွန်တော်တို့ပေးချင်ပါတယ်” လို့ သူကပြောပါတယ်။  “ဒါကြောင့်လဲ ကျွန်တော်တို့ဟာ ဘန်ကောက်စတင်းမ်ဆဲလ်ဖောင်ဒေးရှင်းကို တည်ထောင်ပြီး [အခမဲ့] စကောလားရှစ်ပညာသင်ဆုတွေပေးဖို့အတွက် အစီအစဉ်ချထားပါတယ်။ ဖွံ့ဖြိုးပြီးတဲ့တိုင်းပြည်တွေမှ ပိုမို လက်ခံလာစေအောင်လုပ်ဆောင်သွားဖို့ ကျွန်တော်တို့ ရည်မှန်းထားပါတယ်။ ဒီနေရာဟာ ကမ္ဘာ့ထိပ်တန်းဆန်းသစ်တီထွင်ဆေးဝါးကုသ ထောက်ပံ့မှုနေရာများထဲမှ တစ်နေရာဖြစ်လာမှာပါ”

အသေးစိတ်အချက်အလက်များကို https://www.bangkokstemcell.org မှာ ၀င်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

စာသားရေးဖွဲ့သူ : ဖတ်ချရီ တဲဒင်ဖက်။ ဓာတ်ပုံကျေးဇူးပြုသူ : ဘန်ကောက်စတင်းမ်ဆဲလ်ကုမ္ပဏီလီမိကတ်

 

 

368165