2015ခုနှစ် ထိုင်းနိုင်ငံ၏ ဒီဇိုင်းနှင့် ဆန်းသစ်ပြောင်းလဲစေခြင်းသည့် ပြပွဲ (Thailand Design and Innovation Expo 2015) တွင် ဆန်းသစ်ပြောင်းလဲမှု၊ ဒီဇိုင်းနှင့် နည်းပညာများမှ လူအများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပါသည်။
ဘန်ကောက်မြို့ တော်၊ မိဖုရားသီရိခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာ (Queen Sirikit National Convention Centre)  တွင် ယခု စက်တင်ဘာလက ပြုလုပ်ကျင်းပခဲ့သည့် Thailand Design and Innovation Expo (TIDE) 2015 ၌ ဒီဇိုင်နာများ၊ ဖန်တီးတီထွင်သူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ မှ ၄င်းတို့ ၏ နောက်ဆုံးထုတ်ကုန်နှင့်ဒီဇိုင်းများကို ခင်းကျင်းပြသခဲ့ကြပါသည်။
လာရောက်လည်ပတ်ကြည့်ရှုသူများနှင့် ပြပွဲတင်ဆက်သူများအတွက် ဆန်းသစ်ပြောင်းလဲမှုကိုအသားပေး
ထားသည့် ဇုန်၊ အပြည်ပြည်ဆိုင်ရာ ဇုန်၊ ဆန်းသစ်ပြောင်းလဲမှု ရှိုးကေ့စ် ဇုန် နှင့် ဒီဇိုင်းဇုန်များအပါအ၀င်
ဇုန်းအမျိုးမျိုး တွင် ဆေးပစ္စည်းကိရိယာမှအစ လယ်ယာသုံး ထုတ်ကုန်ပစ္စည်းများအထိ နည်းပညာမြင့် ဒီဇိုင်း
များကိုပြသထားပါသည်။
စိတ်ဝင်စားဖွယ်အကောင်းဆုံးဖြစ်ခဲ့သည့် ဖြစ်ရပ်များမှ တစ်ခုမှာ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ၊ စင်္ကာပူနိုင်ငံ နှင့် နယ်သာလန်နိုင်ငံများမှ Asia Design and Innovation Conference featuring speakers များပင်ဖြစ်ပါ သည်။ ၄င်းတို့ သည် လာရောက်လည်ပတ်ကြည့်ရှုသည့် ဧည့်ပရိသတ် အတော်များများကို ဒီဇိုင်းလုပ်ငန်း ရှိ နောက်ဆုံး ပေါ်ဒီဇိုင်းများအပေါ် မျက်ခြည်မပြတ်စောင့်ကြည့် နေစေရန်အတွက် ဆွဲဆောင်နိုင်ခဲ့သည်။
Six Degrees of Communication အားတည်ထောင်သူတစ်ဦးဖြစ်သလို၊ ညီလာခံတွင်လည်း တင်ဆက်သူ တစ်ဦးဖြစ်သည့် Sutirapan Sakkawatra မှ “ဒီမျက်မှောက်ချိန်ခါမှာဆိုရင် စီးပွားရေးလုပ်ငန်းတွေက ပြဿနာ ကိုဖြေရှင်းနိုင်ဖို့ အတွက် ဒီဇိုင်းနဲ့ နည်းပညာ ပေါင်းစပ်ပေးနိုင်မဲ့ ဒီဇိုင်နာတွေကို လိုအပ် လာပြီ ဖြစ်ပါတယ်။ ထိုင်းဒီဇိုင်နာတွေနဲ့ ဆန်းသစ်တီထွင်သူတွေ က သူတို့ ရဲ့ ပစ္စည်းတွေကို ဒီဇိုင်းရေးဆွဲရာမှာနဲ့  တိုးတက်ကောင်းမွန်အောင် အကောင်အထည်ဖော်ဆောင်ရာမှာ တတ်နိုင်သလောက် သုံးစွဲသူတွေကို ထည့်သွင်းပါဝင်စေသင့်တယ်” ဟုပြောဆိုပါသည်။
နည်းပညာမှ ပြဿနာကို မည်သို့ မည်ပုံ ဆန်းသစ်စွာဖြေရှင်းပေးနိုင်သည်ဆိုသော အဓိကအရေးပါသည့် ဥပမာတစ်ခုမှာ အိန္ဒိယနိုင်ငံရှိ Life Saving Dot project စီမံကိန်းပင်ဖြစ်ပါသည်။ ၄င်းမှ အိုင်အိုဒင်းကွက် များကို ဟင်ဒီအမျိုးသမီးများ၏ ဘင်ဒီ ပေါ်တွင်ထားရှိပေးခြင်းဖြင့် အိုင်အိုဒင်းဓာတ်ချို့ တဲ့မှုကို တိုက်ဖျက် ရန်အတွက် 2015 ခုနှစ် အစောပိုင်းမှ စတင်ဆောင်ရွက်ခဲ့ပြီဖြစ်ပါသည်။
TIDE တွင် ဆန်းသစ်တီထွင်ပြောင်းလဲမှုနှင့် ဒီဇိုင်းအား အတူတကွတွေ့ ရှိနိုင်ပါသည်။ ပြပွဲတွင် ပြသထား သည့် ကမ္ဘာအနှံ့ ခေတ်စားနေသည့် 3D ပရင်တာသည် ထင်ရှားမှုအရှိဆုံး နောက်ဆုံးပေါ် တီထွင်ဖန်တီး ထားသည့်အရာဖြစ်သည်။ တန်ဖိုးနည်းပါးခြင်းနှင့် လက်တွေ့ အသုံးဝင်သည့် အင်္ဂါရပ်များကြောင့် ထုတ်လုပ်မှုလုပ်ငန်း အသီးသီးရှိ ကျွမ်းကျင်သူပညာရှင်များမှ ၄င်းတို့ ၏ ဒီဇိုင်းတွင် နည်းပညာကို ထည့် သွင်း အသုံးပြုထားခြင်းဖြစ်ပါသည်။
လေဒီဂါဂါ အတွက် ဒေါက်မြင့်ဖိနပ်ကြီးများတီထွင်ဖန်တီးပေးခဲ့ဖူးသူ United Nude ၏ တီထွင်ဖန်တီးမှု ဒါရိုက်တာ တစ်ဦးဖြစ်သည့်  Rem D. Koolhas မှ ၄င်းတို့ ကုမ္ပဏီ ၏ ရှူးဖိနပ်ဒီဇိုင်းများတွင် 3D ပရင်တာဖြင့် ရေးဆွဲထုတ်လုပ်ထားသည့် အစိတ်အပိုင်းများကို ထည့်သွင်းဖန်တီးထားကြောင်း ပြောဆို ပါသည်။
“ကျွန်တော်တို့ ဗိသုကာပညာရှင်တွေ၊ ကုန်ပစ္စည်း ဒီဇိုင်နာတွေနဲ့ အလုပ်လုပ်တုန်းကဆိုရင် ပြန်လည် တီထွင် ဖန်တီးထားတဲ့ ရှူးဖိနပ် စီမံကိန်း (Re-Inventing Shoes project) လိုမျိုး ထုဆစ်သွန်းလုပ်ရတဲ့ အစိတ်အပိုင်းလေးတွေကို 3D ပရင်တာနဲ့ ပုံနှိပ်ရေးဆွဲပြီး ထုတ်လုပ်နိုင်ခဲ့တယ်။ စီမံကိန်းက ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိပြီး ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု Koolhas မှပြောဆိုပါသည်။
သူသည် စက်တင်ဘာလတွင် နယူးယောက် ဒီဇိုင်နာ Francis Bitonti နှင့်အတူ စိစစ်ရွေးချယ်ထားသည့် laser sinter (SLS) စက်အားအသုံးပြုပြီး ရွှေရောင်ခြယ် 3D ဒေါက် သားရေ ရှူးဖိနပ်များကို ဖန်တီးနိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့သည်။  
သို့ သော် နည်းပညာသစ်များတွင် ကန့် သတ်ချက်များ ရှိနေတုန်းပင်ဖြစ်ပါသည်။ ထို့ ပြင် brand ၏ ခေတ်မီ ဆန်းပြားသည့် ဒီဇိုင်းများကြောင့် ရှူးဖိနပ်အား နေ့ စဉ်အသုံးပြုရန်အတွက် မဖြစ်နိုင်ပေ။
Koolhas မှ “ဘရန်းရဲ့ 3D ပရင်တာနဲ့ ထုတ်လုပ်ထားတဲ့ ရှူးဖိနပ်တွေကို စီးပြီးလမ်းလျှောက်နိုင်ပါတယ်။
သူတို့ ကိုစီးပြီး ဓာတ်ပုံရိုက်နိုင်သလို စင်မြင့်ထက်မှာလည်း ဖျော်ဖြေတင်ဆက်မှုကို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေ ပါပဲ။ 3D ရှူးဖိနပ်တွေကို အကန့် အသတ်နဲ့ ပဲထုတ်လုပ်နေဆဲဖြစ်သလို အနုပညာလက်ရာတွေ အနေနဲ့ ပဲရောင်းချနေဆဲ ဖြစ်ပါတယ်” ဟု ပြောဆိုပါသည်။
Sirinuch Borsub မှရေးသားသည်။
368575