ထိုင်းလက်ဝတ်ရတနာများသည် အရည်အသွေးမြင့် လက်မှုအတတ်ပညာလက်ရာများကြောင့် ဂုဏ်သတင်း ကျော်စောပြီးဖြစ်ပါသည်။ သို့ သော်၊ စီးပွားရေးနယ်ပယ်သည် ကမ္ဘာ့ဖက်ရှင်ဈေးကွက်အလယ်တွင် ၄င်း၏ ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်း ထားရှိနိုင်ရန်အတွက် ပြောင်းလဲမှုများပြုရန်လိုအပ်သည်။

ထိုင်းနိုင်ငံမှထွက်ရှိသည့် ကျောက်မျက်နှင့် လက်ဝတ်ရတနာများသည် ၄င်း၏ အတတ်ပညာလက်ရာများ ကြောင့် လူသိများထင်ရှားနေချိန်တွင်၊ ကျန်ရှိသည့် ဖက်ရှင်ကမ္ဘာ နှင့် အမီလိုက်နိုင်ရန်အတွက် ထိုင်းစီးပွား ရေး လုပ်ငန်းရှင်များသည် လက်ရာဒီဇိုင်းနှင့် ဈေးကွက် အပေါ်ပိုမို အာရုံစူးစိုက်ဆောာင်ရွက်သင့်သည်။

 ထိုင်းနိုင်ငံ၏ကျောက်မျက်နှင့်လက်ဝတ်ရတနာအဖွဲ့ အစည်း (The Gem and Jewelry Institute of Thailand (GIT)) မှ လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်သည့် Jumpol Denmekha မှ “ထိုင်းနိုင်ငံ သည် ကျောက်မျက်နှင့် လက်ဝတ်ရတနာများအပါအ၀င် အမျိုးမျိုးသောထုတ်ကုန်များအတွက် ကမ္ဘာ့အဆင့်မီ မူရင်းပစ္စည်းထုတ်လုပ်သူ  (original equipment manufacturer (OEM)) ဖြစ်သည်” ဟု ဆိုသည်။

Denmekha ၏အဆိုအရ 95 မှ 97 % ရာခိုင်နှုန်း သော ထိုင်းနိုင်ငံ၏ ကျောက်မျက်လုပ်ငန်းမှာ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) တွင်ပါဝင်နေသောကြောင့် ၄င်းအဖွဲ့ အစည်း၏ အကူအညီ ကို ရယူသင့်သည်ဟု ဆိုပါသည်။

၎င်းမှ “ထိုင်းလုပ်ငန်းရှင်များကို ကမ္ဘာ့ဈေးကွက်တွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် GIT မှ အားပေး ကူညီပံ့ပိုးရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့ သည် လုပ်ငန်းရှင်များအတွက် ဒီဇိုင်းလက်ရာ၊ နည်းပညာ နှင့် ဈေးကွက် တွင်းသို့ ထိုးဖောက်ဝင်ရောက်နည်း သင်တန်းများကို ပေးအပ်လျက်ရှိသည်” ဟုဆိုပါသည်။

2003 ခုနှစ်တွင် စတင်တည်ထောင်သည့် GIT သည် ကမ္ဘာ့လက်ဝတ်ရတနာမဟာမိတ်အဖွဲ့ ကြီး၏ အသိ အမှတ်ပြုထားခြင်းခံရပြီး Laboratory Manual Harmonization Committee (LMHC) ဟုခေါ်တွင်သည့် ကမ္ဘာပေါ်ရှိ အဓိက ဓာတ်ခွဲခန်းကြီး ခုနှစ်ခု တွင်တစ်ခုအပါအ၀င်ဖြစ်ပါသည်။

Denmekha မှ “ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့် လက်ဝတ်ရတနာများ မှ လွှမ်းမိုးနိုင်ရန် နှင့် ၄င်းတို့ အပေါ် စိတ်ချယုံကြည်မှုကိုတည်ဆောက်ရန်အတွက် GIT သည် DITP နှင့် မိတ်ဖက်၍ အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့သည်။ GIT ၏ အဓိကတာဝန်များထဲမှ တစ်ခုသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် ကျောက်မျက် နှင့် လက်ဝတ်ရတနာများကို ကုန်သွယ်ရာတွင် အထောက်အထားလက်မှတ် ထုတ်ပေးရေး ပင်ဖြစ် ပါသည်။ အရောင်ရှိသည့် ကျောက်မျက်များအတွက် အထောက်အထားလက်မှတ်ထုတ်ပေးရာတွင် အရောင်အသွေး၊ ကာရက်၊ ကြည်လင်မှု နှင့် သွေးထားသည့်ပုံစံအနေအထား (4Cs) တို့ အပေါ်မူတည်၍ အထောက်အထား လက်မှတ်ထုတ်ပေးသွားမည် ဖြစ်ပါသည်။  GITမှ အရောင်ရှိသည့် ကျောက်မျက်များအတွက် စံနှုန်းကို စတင်သတ်မှတ်ရခြင်းမှာ ထိုင်းနိုင်ငံသည် ကျောက်မျက်များ၏ မြို့ တော်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်” ဟုဆိုပါသည်။

ထိုင်းနိုင်ငံသည် ၄င်း၏ ကျောက်မျက်အရည်အသွေးနှင့် ကျောက်သွေးသည့်ပုံစံအရည်အသွေးများ ကြောင့် ကမ္ဘာအနှံ့ မှ အသိအမှတ်ပြုခြင်းကို ခံရပါသည်။ Denmekha မှ “ထိုင်းနိုင်ငံသည် ရင်းမြစ်၊ (ကျောက်) သွေး သည့်အရည်အသွေး နှင့် ဒီဇိုင်းပုံစံလက်ရာ များကောင်းမွန်ပြီးဖြစ်သော်လည်း ဈေးကွက်မြှင့်တင်ရန် လိုအပ် လျက်ရှိသည်။ ဒိန်းမတ်နိုင်ငံမှ လက်ဝတ်ရတနာဈေးကွက်ကို ဦးဆောင်နေသည့် အမှတ်တံဆိပ်များမှ တစ်ခု အပါအ၀င်ဖြစ်သည့် ပန်ဒိုရာ (Pandora) သည် ၄င်း၏ ထုတ်လုပ်မှုအခြေခံငှာနချုပ်ကို ထိုင်းနိုင်ငံရှိ Gemopolis Industrial Estate ထုတ်လုပ်မှုပရ၀ုဏ် အတွင်းသို့ ပြောင်းရွှေ့ ခြင်းလိုက်ခြင်းဖြင့် ထိုင်းလက်မှု ပညာ သည်များ၏ ကျွမ်းကျင်လှပစွာဖန်တီးနိုင်မှုကို ကောင်းမွန်စွာ အသိအမှတ် ပြုခြင်းခံထားရပြီး ကြောင်း ကို ဖော်ပြလိုက်ခြင်းပင်ဖြစ်ပါသည်” ဟုပြောဆိုပါသည်။

ထိုင်းနိုင်ငံ၏ ကျောက်မျက်နှင့်လက်ဝတ်ရတနာများ၏ အကြီးမားဆုံးဈေးကွက်များမှာ ဟောင်ကောင်၊ ဆွစ်ဇာလန်နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ နှင့် ဂျာမနီနိုင်ငံ များဖြစ်သည့်တိုင် အမြဲပင် ပြောင်းလဲဖြစ်ပေါ်နေသည့် ကမ္ဘာ့ဈေးကွက်အခြေအနေကို ထိုင်းထုတ်လုပ်သူများမှ သတိပြုရန် လိုအပ် ကြောင်း Denmekha မှအကြံပြုပြောဆိုပါသည်။

၎င်းမှ “ကမ္ဘာ့စီးပွားရေးပြောင်းလဲမှုအားဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာရှိပါသည်။ ၄င်းသည် ထိုင်း နိုင်ငံ၏ လက်ဝတ်ရတနာစီးပွားရေးနယ်ပယ်အပေါ် သက်ရောက်မှုရှိနိုင်ပါသည်။ ထို့ ကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင် များမှ လက်ရှိဖြစ်ပေါ်နေသည့် အကြောင်းအရာများကို သိရှိထားရန်လိုအပ်ပြီး နှစ်စဉ် ပို့ ကုန် 5 မှ 10 % ရာခိုင်နှုန်းအထိ တိုးတက် နေသည့် စင်္ကာပူ နှင့် မလေးရှားနိုင်ငံများကဲ့သို့ သော အာဆီယံနိုင်ငံ များသို့ ဈေးကွက်ချဲ့ ထွင်နိုင်ရန်အတွက် ဈေးကွက်ရှာဖွေသင့်သည်။ မက္ကဆီကို၊ ချီလီ နှင့် ဘရာဇီးလ် နိုင်ငံ များ ကိုလည်း ထည့်သွင်းစဉ်းစားထားသင့်သည်” ဟုဆိုပါသည်။

GIT မှ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား အပြည်ပြည်ဆိုင်ရာနိုင်ငံတကာအဆင့် သို့ တက်လှမ်းရန် အတွက် တိုက်တွန်း အားပေးလျက်ရှိသည်။ “ကျွန်တော်တို့ သည် ထိုင်းလက်မှုပညာအရည်အသွေးကို မြှင့်တင်ရန်အတွက် စင်္ကာပူ၊ ဥရောပ နှင့် ဟောင်ကောင် တို့ တွင်ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြပွဲများသို့ ထိုင်းအဖွဲ့ အား ပါဝင်စေခဲ့ပြီးဖြစ်ပါသည်” ဟု Denmekha မှဆိုပါသည်။

ပိုမိုသိရှိလိုပါက၊ ကျေးဇူးပြု ၍ http://www.git.or.th အားလေ့လာကြည့်ရှုနိုင်ပါသည်။

Natthinee Ratanaprasidhi မှရေးသားတင်ပြသည်။

 

368583