Issue 50

Busaba မှ ထိုင်းနိုင်ငံ၏ရိုးရာချည်ထည်များအားအသုံးပြု ၍ အရွယ်အစားနှင့်ဒီဇိုင်းမျိုးစုံရှိသည့် အိတ်များကို ဖန်တီး လိုက်ပါသည်။

Busaba လက်မှုနှင့် ဒီဇိုင်း ကုမ္ပဏီ၏ ဒီဇိုင်းဒါရိုက်တာဖြစ်သည့် Pornthep Sae-lee မှ "လွန်ခဲ့တဲ့ခြောက်နှစ်က ကျွန်တော် ဂျပန်ကိုသွားခဲ့တယ်။ အဲဒီမှာ ဂျပန်လူမျိုးတွေက ကီမိုနိုလို ရိုးရာအထည်တွေကိုသုံးပြီး ပစ္စည်းတွေကို လုပ်ကြတယ်။ ကျွန်တော်လည်း ထိုင်းရိုးရာထည်တွေကို သုံးပြီးအဲဒီလိုမျိုးလုပ်ဖို့ စဉ်းစားမိတယ်" ဟုဆိုပါသည်။

ကနဦးတွင် Sae-lee မှ ထိုင်းပိုးထည်၊ ထိုင်းပါတိတ် နှင့် အပြီးသတ်ဆုံးဖြတ်ချက်ချရွေးချယ်ခြင်းမပြုမီ ၄င်း၏ ကွက်ကျားပုံစံဖြင့် ကမ္ဘာ့ဈေးကွက်များအလယ်တွင် အဆင်သင့် လက်သင့်ခံနိုင်မည်ဟုယုံကြည်ထားသည့် ဖာကောင်မာ (Pha-Kao-Mah) ဟုခေါ်တွင်သည့် ထိုင်း လုံချည်စကို အသုံးပြုရန်စဉ်းစားထားသည်။

Sae-lee မှ "ပထမဆုံးတွေးမိတဲ့ ကုန်ပစ္စည်းက အိတ်ပါ။ ဘာကြောင့်လဲဆိုရင် ကျွန်တော်က အိတ်တွေကို အရမ်း ကိုနှစ်သက်တယ်။ ပြီးတော့သုံးတဲ့သူတွေကလည်း ဘယ်လိုအိတ်မျိုးကို ရှာလဲဆိုတာကို ကျွန်တော်က သိတယ်။ သူတို့  တွေက ပေါ့ပါးပြီး တာရှည်ခံသလို ဒီဇိုင်းကောင်းတဲ့ အိတ်တွေကို လိုချင်ကြတာ" ဟုဆိုသည်။

နေ့ စဉ်အသုံးပြုနိုင်မည့် အိတ်ဒီဇိုင်းများကို Sae-lee မှဖန်တီးရေးဆွဲခဲ့ပါသည်။ ဒီဇိုင်းများသည် အလှကုန်များ ထည့်နိုင်မည့် အိတ်များ၊ ခဲတံ ခေါက်ပိုက်ဆံအိတ်များနှင့် ပိုက်ဆံအိတ်များ စသည့် အိတ်သေးလေးများမှသည် ထိပ်မှ ကိုင်တွယ်ရမည့်အိတ်များ နှင့် ခေါက်နိုင်သည့်အိတ်များ စသည့် အိတ်ကြီးများအဆုံး အမျိုးအစားစုံလင်လှ ပါသည်။ အိတ်များအပြင်၊ Busaba အထည်များ၊ စာရေးကိရိယာများ နှင့် ကီးချိန်းများ၊ မိုဘိုင်းဖုန်းများနှင့် အရုပ်လေးများ အစရှိသည့် လက်ဆောင်ပစ္စည်းများကိုလည်း ဖန်တီးထားပါသည်။

တီထွင်ဖန်တီးခြင်း၊ ဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် နှင့် အရည်အသွေးစံချိန်စံညွှန်းများသည် ကုမ္ပဏီ၏အားများပင် ဖြစ်ကြောင်း Sae-lee မှဆိုပါသည်။

၎င်းမှ "ဈေးကွက်ထဲမှာရှိတဲ့ အမျိုးအစားတူပစ္စည်းတွေနဲ့  Busaba မတူဖို့ အတွက် တီထွင်ဖန်တီးမှုကို လုပ်တယ်။ ဈေးကွက်ထဲမှာ ဖာကောင်မာ အိတ်တွေအများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရဲ့ ပစ္စည်းတွေကို ပလတ်စတစ် ဓာတုပစ္စည်းနဲ့ အုပ်ထားတယ်။ ဒါကြောင့်ရေဒဏ်ခံနိုင်တယ်။ ထိုင်းအထည်တွေကို ကြိုက်တဲ့သူတွေအတွက် ဖက်ရှင်ကျကျအိတ်တွေဖန်တီးနိုင်ဖို့ ဒီဇိုင်းကိုအလေးထားဆောင်ရွက်နေပါတယ်" ဟုဖြည့်စွက်ပြောကြားပါသည်။

Busaba သည် အရည်အသွေး ထူးကဲသာလွန်ကောင်းမွန် ၍ ယုံကြည်စိတ်ချရသည့် အမှတ်သင်္ကေတဖြစ်သည့်

DITP မှ Thailand Trust Mark အားရရှိထားပါသည်။ လက်ရှိတွင်၊ Busaba ၏ဖောက်သည်အများစုသည် ထိုင်းလူမျိုး များဖြစ်ကြပြီး ပြည်တွင်းဈေးကွက်တွင် ရောင်းချရသည့်အားမှာ ၈၀%ရှိပြီး ပြည်ပသို့ ၂၀% တင်ပို့  ရောင်းချလျက် ရှိပါသည်။ Sae-lee မှ ဂျပန်၊ ထိုင်ဝမ် နှင့် အာဆီယံများ တင်ပို့ ရောင်းချရမှုတိုးတက်လာနိုင်သည့်

အဓိကဈေးကွက်အဖြစ်ရှုမြင်လျက်ရှိသည်။

၎င်းမှ "ဂျပန်လူမျိုးနဲ့ ထိုင်ဝမ်လူမျိုး ၀ယ်ယူသူတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမဲ့ ပစ္စည်းတွေကို ဖန်တီးနိုင်ဖို့  အတွက် ကျွန်တော်တို့  ပစ္စည်းတွေရဲ့ ဒီဇိုင်းတွေကို အဆက်မပြတ်ကောင်းမွန်အောင် ဆောင်ရွက်နေပါတယ်။ အနာဂတ်မှာ၊ ဂျပန်ကို အဓိကထားပြီး ကျွန်တော်တို့ ရဲ့ နိုင်ငံခြားဈေးကွက်ကို တိုးချဲ့ သွားမှာပါ။ အာဆီယံနိုင်ငံတွင်း မှာဆိုရင် ဗီယက်နမ်ကို ထိုးဖောက်ဖို့ အတွက်လုပ်မှာပါ။ ဘာကြောင့်ဆိုရင် မကြာမီနှစ်တွေမှာပဲ ဈေးကွက်က မြန်မြန်ဆန်ဆန်တိုးတက်လာပြီး လူတွေကလည်း lifestyle ထုတ်ကုန်တွေကို ၀ယ်ဖို့ အဆင်သင့်ရှိနေကြတဲ့ အတွက်ကြောင့်ပါ" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက www.busabaonline.com အား ဖတ်ရှုလေ့လာပါ။ facebook.com/busaba.shop အားလည်း ၀င်ရောက်လေ့လာနိုင်ပါသည်။

DITP ၏ ခွင့်ပြုချက်ဖြင့် သတင်းများအားရယူဖော်ပြပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

 

 

366841