Issue 49

Earth Life ၏ ပြိုကွဲပျက်စီးနိုင်သည့် အင်ဇိုင်း (biodegradable enzyme) သည် ပတ်ဝန်းကျင်အတွက် ကောင်းမွန် သည်သာမက လူများ၏ကျန်းမာရေးနှင်လည်းသင့်လျော်ပါသည်။ ယခုအခါတွင် ၄င်းအား ကား၏ရနံ့ သင်းပျံ့ စေရန် အတွက် အသုံးပြုနေပါသည်။

Earth Life ၏ မန်းနေးဂျင်းဒါရိုက်တာတစ်ဦးဖြစ်သည့် Nucharee Nilsuwan မှ "ကားကဘယ်လောက်ပဲတန်တန်၊ ဘယ်ကားအမျိုးအစားပဲပိုင်ပိုင်၊ ကားထဲရောက်တာနဲ့ ရှုသွင်းလိုက်တဲ့လေက ကျန်းမာရေးအတွက် အကောင်းဆုံး အရည်အသွေးရှိတဲ့လေဖြစ်သင့်တယ်" ဟုဆိုပါသည်။

ကုမ္ပဏီမှ ထုတ်လုပ်သည့် Bio Great သည် ရည်ရွယ်ချက်မျိုးစုံအတွက် အသုံးပြုနိုင်သည့် freshener ဖြစ်သည်။ ၄င်းအား အဆိပ်အတောက်ဖြစ်ပွားစေခြင်းမရှိသော ပြိုကွဲပျက်စီးနိုင်သည့်အင်ဇိုင်းများဖြင့်ပြုလုပ်ထားပြီး ထိုင်း နိုင်ငံမှ ထွက်ရှိသည့်ပန်းများ၊ ဆေးဖက်ဝင်အပင်များမှ ရရှိသည့် သဘာဝအဆီအနှစ်များဖြင့် ပေါင်းစပ်ကာ အနံ့ အသက်ဆိုး များကိုဖယ်ရှားပေးနိုင်သည့် ထူးခြားသည့်ရနံ့ မွှေးကိုဖန်တီးထားခြင်းဖြစ်ပါသည်။

Bio Great သည် DITP၊ ထိုင်းကားအပိုပစ္စည်းများထုတ်လုပ်သည့်အသင်း (Thai Auto Parts Manufacturers Association)၊ ထိုင်းကားအပိုပစ္စည်းများဈေးကွက်ဆိုင်ရာအသင်း (Thai Auto Parts Aftermarket Association)၊ ၀ိုရာချာ့ အော်တိုမက်တစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့ (Worachak Automotive Synergy Association) နှင့် ထိုင်းဆပ်ကန်ထရိုက်တိုးတက်ကြီးပွားရေးအဖွဲ့ (Thai Subcontracting Promotion Association) တို့ မှ ဧပြီလ ၇ ရက်နေ့ မှ ၁၀ ရက်နေ့ အထိ ဘန်ကောက်ရှိ BITEC တွင် ပူးတွဲကျင်းပခဲ့သည့် ထိုင်းနိုင်ငံ၏ရှေ့ ဆောင် မော်တော်ကားကုန်စည်ပြပွဲ (Thailand's leading automotive trade fair) TAPA 2016 ၌ တွေ့ မြင်ရသည့် စုံလင်များပြားလှသည့်ထုတ်ကုန်များမှ ထုတ်ကုန်တစ်ခုဖြစ်ပါသည်။

ကန်များရှိ စွန့် ပစ် ရေဆိုးရေညစ် အနံ့ အသက်များ၊ ပုစွန်မွေးမြူရေးကန်များမှထွက်ပေါ်လာသည့် အနံ့ အသက်ဆိုး များကို ဖယ်ရှားလိုရင်းမှ စီးပွားရေးလုပ်ငန်းစတင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ သော်၊ ၂၀၀၄ ခုနှစ်တွင် Nilsuwan မှ ၄င်း၏ စီးပွားရေးကို ကား အတွက် freshener များထုတ်သည့်လုပ်ငန်းအဖြစ် ချဲ့ ထွင်ခဲ့ပါသည်။

သူမမှ "အရင်ကလုပ်ခဲ့အရာတွေကနေ စီးပွားရေးအခွင့်အလမ်းတွေကို တွေ့ လာတာပါ။ စီးပွားရေးလိုင်းသစ်ကို ဖန်တီးဖော်ဆောင်ဖို့ အတွက် ဘိုင်အို ကား freshener က ကျွန်မအတွက် မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုပါ" ဟုဆိုပါသည်။

ကုမ္ပဏီသည် အမျိုးသားစွန့် ဦးတီထွင်သည့်အဖွဲ့ အစည်း (National Innovation Agency (NIA)) မှ ထောက်ပံ့ငွေ ကိုရရှိခဲ့သည်။ ထို့ နောက်၊ ကုန်ပစ္စည်းအားထုတ်လုပ်နိုင်ရန်အတွက် Kasetsart တက္ကသိုလ် နှင့်အတူ သုတေသန နှစ်နှစ်ပြုလုပ်ခဲ့ရပါသည်။ "ကျွန်မတို့ ရဲ့ သဘာဝထုတ်ကုန်တွေက အရည်အသွေးမြင့်ပြီး ကျန်းမာရေးနဲ့ သင့် တော် တယ် ဆိုတာကို အတည်ပြုဖို့ အတွက် ကျွန်မတို့ မှာ စာရွက်စာတမ်းတွေရှိပါတယ်" ဟု Nilsuwan မှဆိုသည်။

သို့ သော်၊ Bio Great ၏အကျိုးကျေးဇူးများကို ပြည်သူလူထု နားလည်လက်ခံလာနိုင်ရန်အတွက် ဆောင်ရွက်ရန် များစွာကျန်ရှိနေပါသေးသည်။

Nilsuwan မှ "ပထမအနေနဲ့ ကျွန်မတို့ တွေ ၀ယ်ယူအားပေးသူတွေကို အင်ဇိုင်းဆိုတာဘာလဲ၊ သူ့ ရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေကဘာလဲဆိုတာကို ပညာပေးဖို့ လိုပါတယ်။ ကျွန်မတို့ Motor Show၊ Motor Expo၊ BIGBIH နဲ့  TAPA တို့ လို ကုန်စည်ပြပွဲ အတော်များများမှာ ပါဝင်ပြသပြီးပါပြီ။ ဒါကြောင့် လူတွေကလည်း ကျွန်မတို့ ရဲ့ တံဆိပ် နဲ့  ကျွန်မတို့ ရဲ့ ထုတ်ကုန်အကြောင်းကို သိနေကြပါပြီ" ဟုဆိုပါသည်။

ကုမ္ပဏီသည် ပြည်တွင်းနှင့် စင်္ကာပူ၊ ဒူဘိုင်း၊ ချက်ရီပတ်ဘလစ်၊ ဂျပန်၊ ဗီယက်နမ်၊ တရုတ် နှင့် အိန္ဒိယ စသည့် ပြည်ပနိုင်ငံများရှိ ၀ယ်ယူသူများထံမှ အပြုသဘောဆောင်သည့် တုံ့ ပြန်မှုများကို ရရှိထားပြီးဖြစ်ပါသည်။

ဘိုင်အို freshener ၏ ဆွဲဆောင်မှုတစ်စိတ်တစ်ဒေသမှာ ရနံ့ မွှေးသည့်ထိုင်းပန်းများဖြစ်ပါသည်။ သူမမှ "ကျွန်မတို့  သုံးတဲ့ရနံ့ တွေက စပယ်၊ ပလူမေးရီယာပန်း (plumeria)၊ မော့ခ်ပန်း (mok)၊ နဲ့ အနီရောင်ဂျင်းပန်း (red ginger) စတဲ့ ထိုင်းပန်းတွေကဖြစ်ပါတယ်။ ဓာတုမပါ သဘာဝအတိုင်းလုပ်ထားတာပါ။ ၀ယ်ယူသုံးစွဲတဲ့သူတွေက အနံ့  မပြင်းပေမယ့် အနံ့ ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ ကျွန်မတို့  သဘာဝရနံ့ ရဲ့ အရည်အသွေးကို ကျေးဇူးတင်စွာ လက်ခံကြတယ်" ဟုပြောပြပါသည်။

Nilsuwan မှ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုတ်ကုန်များအတွက် အထူးသဖြင့် အာရှတွင် ခိုင်မာသည့် ဈေးကွက်ရှိ သည်ဟုယုံကြည်ပါသည်။ "ဂျပန်မှာ ကျွန်မတို့ ရဲ့ ထုတ်ကုန်တွေကို ကျန်းမာရေးနဲ့ သင့်လျော်တဲ့ထုတ်ကုန် အမျိုး အစားအဖြစ်မြင်ကြတဲ့အတွက် စိတ်ဝင်စားမှုမြင့်တက်လာနေတယ်။ (ကျန်းမာရေးဆိုင်ရာထုတ်ကုန်) ဈေးကွက်က တဖြည်းဖြည်းနဲ့ ကျယ်ပြန့် လာတယ်။ အထူးသဖြင့် အရှေ့ အလယ်ပိုင်းဒေသပေါ့" ဟုသူမမှဆိုပါသည်။

"ထိုင်းနိုင်ငံတွင်ပြုလုပ်သည်" ('Made in Thailand') စာတမ်းသည် အနာဂတ်တွင် တိုင်းပြည်မှထွက်ရှိသည့် ကုန်စည်များ အတွက် အရေးပါသည့်ရောင်းချရာသင်္ကေတ (significant selling point) ဖြစ်လာလိမ့်မည်ဟု Nilsuwan မှတွေးထင်နေပါသည်။

"ကျွန်မတို့ က ထိုင်းနဲ့ ပြည်ပက ဖောက်သည်တွေအတွက် ထိုင်းဆိုတဲ့အရာကို ဆောင်ကြဉ်းပေးတာပါ။ သူတို့  ထိုင်းထုတ်ကုန်တွေရဲ့ အရည်အသွေးကို သိလာတဲ့အခါ၊ ထိုင်းကုန်တွေကလည်း အခြားနိုင်ငံတွေက ကုန်တွေ လိုပဲ အရည်အသွေးမြင့်မားပါလားဆိုတာကို သဘောပေါက်လာကြမှာပါ" ဟု သူမမှဆိုပါသည်။

DITP ၏ခွင့်ပြုချက်ဖြင့် သတင်းအချက်အလက်များရယူပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 

 

367273