Issue 48

Harnn သည် အခြားအမှတ်တံဆိပ်များအတွက် သဘာဝဆပ်ပြာထုတ်လုပ်သူအဖြစ်မှ စပါထုတ်ကုန်များအတွက် ကမ္ဘာနှင့်အ၀ှမ်းလူသိများလာသည့် ထိုင်းအမှတ်တံဆိပ်ဖြစ်လာခဲ့ပါသည်။

ဝယ်ယူသူဖောက်သည်များကို သိနားလည်ခြင်းသည် မည်သည့်စီးပွားရေးလုပ်ငန်းမျိုးမဆိုအတွက် အောင်မြင်မှု၏ သော့ချက်ဖြစ်ပါသည်။ အမှန်ပါပင်။ Harnn Global ၏ ဒါရိုက်တာဖြစ်သည့် Paul Harnn မှလည်းထိုသို့ ယုံကြည် နားလည်ပါသည်။

Harnn သည် အခြားအမှတ်တံဆိပ်များအတွက် သဘာဝဆပ်ပြာကိုထုတ်လုပ်ရန်နှင့် ၄င်းတို့ ကို အခြားနိုင်ငံများ သို့  တင်ပို့ ရောင်းချရန်အတွက် စက်ရုံငယ်လေးအား ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ သို့ သော်၊ စီးပွားရေးလုပ်ငန်းသည် ရေရှည်သဖြင့် မတည်မြဲနိုင်ကြောင်းကို သဘောပေါက်လာပါသည်။ ထို့ ကြောင့်၊ သူသည် သူ၏နာမည်အားအသုံးပြုမှည့်ခေါ်ထားသည့် အမှတ်တံဆိပ်ကို ဖန်တီးရန်ဆုံးဖြတ်ချက်ချခဲ့သည်။

၎င်းမှ "ကျွန်တော့်ရဲ့ စက်ရုံက တိုင်းပြည်ထဲမှာ ပထမဆုံးသဘာဝဆပ်ပြာထုတ်လုပ်တဲ့စက်ရုံပါ။ ကျွန်တော့် ဖောက်သည်တွေ ဆီကနေအများကြီးသင်ယူလေ့လာနိုင်ခဲ့တယ်။ ဒါကြောင့်၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမှတ် တံဆိပ်ကို စတင်တုန်းက ဘယ်ဟာတွေက အရမ်းရောင်းကောင်းမဲ့အရာတွေဆိုတာကို သိပါတယ်" ဟု ပြောပြပါ သည်။

 

၂၀၀၂ ခုနှစ်မှစတင်၍ Harnn သည်၎င်းကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် သဘာဝဆပ်ပြာများကို စတင်ထုတ်လုပ်ခဲ့ပါ သည်။ နောက်ပိုင်းတွင် စပါထုတ်ကုန်များ၊ body care ထုတ်ကုန်များ နှင့် အသားအရေအတွက် ထုတ်ကုန်များကို ထပ်လောင်းထုတ်လုပ်ခဲ့သည်။

"ကျွန်တော်တို့ မိမိရဲ့ စီးပွားလုပ်ငန်းရေရှည်တံ့ခိုင်မြဲတာကို မြင်ချင်ရင်၊ ကိုယ်ရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်၊ ထုပ်ပိုးမှု နဲ့  လက်လီရောင်းချတဲ့အတွေးအမြင်တွေကို ဖန်တီးရမယ်" ဟု ၄င်းမှပြောပါသည်။

၎င်းသည် Harnn အမှတ်တံဆိပ်ထုတ်ကုန်များအပြင်၊ မျက်မှောက်ခေတ်လိုက်ဖ်စတိုင်ရေမွှေး အမှတ်တံဆိပ် Vuudh၊ ဆေးဖက်ဝင်အပင်များဖြင့်ပြုလုပ်သည့်လက်ဖက်ရည် အမှတ်တံဆိပ် Tichaa၊ နှင့် အပန်းဖြေရာနေရာ အတွက်အသုံးအဆောင်များနှင့် လိုက်ဖ်စတိုင်တွဲဖက်အလှဆင်ပစ္စည်းများ အမှတ်တံဆိပ်ဖြစ်သည့် JARITT တို့ ကို လည်းထုတ်လုပ်လျက်ရှိပါသည်။

Harnn မှ၎င်းအမှတ်တံဆိပ်များ၏အားသာချက်မှာ ကမ္ဘာအနှံ့ ရှိအကောင်းဆုံးသောရင်းမြစ်များမှ ရရှိလာသည့် ပဓာနကျသည့်သန့် ရှင်းစင်ကြယ်သော ဆီများကဲ့သို့ သော အကောင်းဆုံးသောပါဝင်ပစ္စည်းများအား အသုံးပြု ထုတ်လုပ်ထားခြင်းနှင့် Harnn အမှတ်တံဆိပ်ထုတ်ကုန်များကို ထုတ်လုပ်နေသည့် စက်ရုံပေါင်း ၂၀၀ ၏ကျွမ်းကျင် မှုများကြောင့်ဖြစ်ကြောင်း ဆိုပါသည်။

"We're proud to be an Asian brand. We are unique in the sense that we are open to all oriental wisdom such as traditional medicine, herbal treatment and art. We can learn from different cultures and create our own signature.

"ကျွန်တော်တို့ အာရှအမှတ်တံဆိပ်ဖြစ်ရတာကို ဂုဏ်ယူတယ်။ ကျွန်တော်တို့ က ရိုးရာစဉ်လာဆေးဝါးတွေ၊ ဆေးဖက်ဝင်အပင်ကုထုံးတွေနဲ့ အနုပညာစွမ်းရည်တို့ လို အရှေ့ တိုင်းဥာဏ်ပညာအားလုံးအတွက် တံခါးဖွင့် ထားတဲ့အတွက် အများနဲ့ မတူပဲထူးခြားတယ်။ ယဉ်ကျေးမှုအမျိုးမျိုးဆီက လေ့လာသင်ယူပြီး မိမိရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်ကို တီထွင်ဖန်တီးနိုင်တယ်။"

"စက်ရုံတစ်ခုမှမပိုင်ပဲ နယ်ပယ်တစ်ခုစီတိုင်းအတွက် မိမိရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်ထုတ်ကုန်တွေကို ထုတ်လုပ် ဖို့ အကောင်းဆုံးစက်ရုံတွေကို တာဝန်ပေးအပ်နိုင်တယ်။ ဒါကြောင့် အညွှန်းအတိုင်းဖန်တီး ထုတ်လုပ် ထားတဲ့ ပစ္စည်းတွေအားလုံးက ဈေးကွက်ထဲမှာ အကောင်းဆုံးဆိုတာကို ရဲရဲကြီးယုံကြည်ပါတယ်" ဟု၎င်းမှဆိုပါသည်။

ယခုအခါတွင် Harnn အမှတ်တံဆိပ်နှင့် ဆိုင်ပေါင်း ၆၀ သည် နိုင်ငံပေါင်း ၁၄ နိုင်ငံတွင်ရှိနေပြီဖြစ်ပြီး အရှေ့  အလယ်ပိုင်းဒေသ၊ ဂျပန်နိုင်ငံနှင့် အာဆီယံတိုင်းပြည်များ အပါအ၀င် နိုင်ငံရပ်ခြားတိုင်းပြည်များတွင် နောက်ထပ် ဆိုင်များ ဖွင့်လှစ်ရန်အတွက် စီစဉ်နေပါသည်။

နောက်လုပ်ငန်းစီမံကိန်းတစ်ခုသည် ဘန်ကောက် Central World ၌ မေလတွင်ဖွင့်လှစ်မည့် စပါ အကယ်ဒမီ နှင့် စပါ တို့ ဖြစ်ပါသည်။ "အဲဒီမှာ စပါမီနူး၊ စပါဒီဇိုင်း ကနေ စပါစီမံခန့် ခွဲရေးအထိ စပါအကြောင်းသိသင့်သိထိုက်တာ မှန်သမျှကို လေ့လာသင်ယူနိုင်မှာပါ။ ကျွန်တော်တို့ က စပါဝန်ဆောင်မှုပေးနေတဲ့လူအားလုံးကို လေ့ကျင့်သင်ကြား ပေးသွားမှာဖြစ်သလို ပိုင်ရှင်တွေ ကိုလည်း အပြည်ပြည်ဆိုင်ရာအဆင့်အတန်းမီစပါကို ဘယ်လိုဘယ်ပုံ စတင် ထူထောင်ရမလဲဆိုတာကို သင်ကြားပေးသွားမှာဖြစ်ပါတယ်" ဟု၎င်းမှဆိုပါသည်။

ပိုမိုသိရှိလိုပါက www.harnnglobal.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

Somhatai Mosika ရေးသားတင်ဆက်သည်။

 

365897