Issue 47

မကြာသေးမီနှစ်များအတွင်း ထိုင်းနိုင်ငံသည် ကျန်းမာရေးနှင့် wellness ကဏ္ဍတွင် ကမ္ဘာထိပ်တန်းဦးဆောင်သူ အဖြစ်ရပ်တည်နိုင်ခဲ့ပြီး TRIA သည်လည်း ဤ လှုပ်ရှားမှုတွင်ရှေ့ ဆုံးမှပါဝင်နေပါသည်။

Kusalin Lunjakornkul မှ လူအယောက်စီတိုင်းသည် မိမိတို့ ၏ကျန်းမာရေးအပေါ် အလေးအနက်သဘောထား သင့်သည်ဟု ယူဆထားပါသည်။

ဘန်ကောက်ရှိ TRIA wellness စင်တာတွင် အထွေထွေမန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသည့် သူမမှ "ကိုယ့်ကားကို သုံးလတစ်ကြိမ် ဒါမှမဟုတ် တစ်နှစ်တစ်ကြိမ် စစ်ဆေးတယ်။ ဒါပေမယ့် ကိုယ့်ရဲ့  ခန္ဓာကိုယ် က ကားထက်ပိုပြီးတန်ဖိုးရှိပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးမှုခံယူပြီး ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သိရှိနား လည်ဖို့ လိုပါတယ်။ ပြီး ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်ထားဖို့ လည်း လိုပါတယ်" ဟုဆိုပါသည်။

Lunjakornkul သည် TRIA တွင် လွန်ခဲ့သော သုံးနှစ်မှစတင် ၍အလုပ်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ကနဦးတွင် အခက်အခဲများနှင့် ကြုံတွေ့ ရကြောင်း သူမမှ ၀န်ခံပါသည်။ အဆောက်အဦးသည် ယိုယွင်းနေပြီး လူအများ၏ လျစ်လျူရှု ထားခြင်းကို ခံခဲ့ရပါသည်။ ထို့ ကြောင့်၊ ၄င်းမှ အဆောက်အဦးအား အောက်ခြေမှ စတင်၍ ပြန်လည် ပြင်ဆင်မွမ်းမံမှုများကိုဆောင်ရွက်ခဲ့သည်။ ထို့ ပြင်၊ လူနေမှုဘ၀ပုံစံအား ပံ့ပိုးပေးနိုင်မည့် outdoor စားသောက်ဆိုင် အားထည့်သွင်းခဲ့သည်သာမက စပါဧရိယာတွင်လည်း အရောင်ကုထုံးကို စတင်မိတ်ဆက်ခဲ့ပါသည်။

၎င်းမှ "ကျွန်မဒီကို ပထမဆုံးစရောက်တုန်းကဆိုရင် ဒီနေရာက တရားထိုင်တဲ့နေရာနဲ့ ပိုတူတယ်။ ဒါကြောင့် ပိုပြီး ခေတ်ဆန်တဲ့၊ ငယ်ရွယ်တဲ့မျိုးဆက်တွေရဲ့ လူမှုဘ၀ပုံစံနဲ့ ကိုက်ညီတဲ့ ပုံရိပ်အဖြစ် ပြောင်းလဲခဲ့တယ်။ သူတို့ တွေက ဆေးရုံနဲ့ တူတဲ့ အငွေ့ အသက်ကို မကြိုက်ကြဘူးလေ။ အခုတော့ အပန်ဖြေတဲ့နေရာ ဒါမှမဟုတ် စပါ အဖြစ် ခံစား နိုင်ပြီဖြစ်ပါတယ်။ သူတို့ တွေလည်း ပိုပြီး စိတ်သက်တောင့်သက်သာရှိလာကြတယ်" ဟုဆိုပါသည်။

သူမ ဖြေရှင်းဆောင်ရွက်ပုံနည်း၏ အောင်မြင်မှုကို တွေ့ မြင်ခံစားနိုင်ပါသည်။ လွန်ခဲ့သည့် နှစ်နှစ်အတွင်း TRIA မှ Thailand Spa and Wellness Award in 2015 တွင် Amazing Day and Medical Spa ဆု၊ ASIA Spa Awards 2015 တွင် Day Spa of the Year ဆု နှင့် ၂၀၁၄ ခုနှစ်တွင် ၀န်ကြီးချုပ်မှ ချီးမြှင့်သည့် ဆုများအပါအ၀င် ဂုဏ်ပြု ဆုအချို့ အားလက်ခံရရှိခဲ့ပါသည်။ Lunjakornkul မှ "ကျွန်မတို့ မှန်ကန်တဲ့အလုပ်ကို လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ဒီ့ထက် ပိုပြီးကောင်းအောင် လုပ်ချင်ပါသေးတယ်" ဟုဆိုပါသည်။

ဤအောင်မြင်မှု၏ တစ်စိတ်တစ်ဒေသမှာ Tria ၏အရိုးစွဲခံယူချက်ဖြစ်သည့် ထိုင်းလူမျိုးများအား ကျန်းမာရေးနှင့် wellness အတွက် ခြုံငုံသုံးသပ် ကုသမှုနည်းလမ်းအား ပညာပေးပို့ ချသင်ကြားထားသည့် အတွက်ကြောင့်ပင် ဖြစ်ပါသည်။ Lunjakornkul မှ "ထိုင်းလူမျိုးတွေက အခုထက်ထိကို ခြုံငုံသုံးသပ်ကုသတဲ့ သဘောတရားကို ကောင်းကောင်းနားမလည်နိုင်ကြသေးဘူး" ဟုဆိုပါသည်။ ဤပန်းတိုင်သို့ ရောက်ရှိရန်အတွက် သူမသည် နှီးနှော ဖလှယ်ပွဲစဉ်များ၊ အလားအလာရှိသည့် ဖောက်သည်များနှင့် ဆရာဝန်များ အကြားအပြန်အလှန်ဆွေးနွေးပွဲများကို စီစဉ်ကျင်းပပေးလျက်ရှိပါသည်။

TRIA ၏အခြေခံသဘောတရားနိယာမများမှ တစ်ခုမှာ "Wellness ဆိုတာက မိမိအတွက် နေ့ စဉ်ပြုလုပ်နေတဲ့ အရာဖြစ်တယ်" ပင်ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် စင်တာရှိ အရည်အချင်းပြည့်မီသည့် ၀န်ထမ်းနှင့် ဆွေးနွေး တိုင်ပင်အကြံဥာဏ်များရယူခြင်းဖြစ်ပါသည်။ ထို့ နောက် အရေးပါသည့် သတ္တုများ နှင့် အဆိပ်အတောက်များကို စစ်ဆေးသည့် အစီအစဉ်ဖြစ်ပါသည်။ ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်ဒ်တွင် "TRIA တွင် သင့်ဆဲလ်များ ၏ကျန်းမာရေး အခြေအနေကို စစ်ဆေးပေးပါသည်။ ၄င်းပြင် လူမှုဘ၀ပုံစံပြောင်းလဲရန့်ညွှန်ကြားပြီး ခောတ်နှင့် လျော်ကန်သော ခြုံငုံ သုံးသပ်ကုသတဲ့ကုထုံးများနှင့် ၄င်းဆဲလ်များ ကျန်းမာရေးကောင်းမွန်စေရန်အတွက် ကုသပေး လျက်ရှိနေပါ သည်" ဟုဖော်ပြထားပါသည်။

စင်တာတွင် fitness centre၊ စပါ အပြင် အလှအပနှင့် ကျန်းမာရေးဆိုင်ရာ စင်တာများလည်း ပါရှိပါသည်။ Lunjakornkul မှ "ကျွန်မတို့ က ကျန်းမာရေးနဲ့ wellness အတွက် တစ်နေရာတည်းမှာ အကုန်ရရှိနိုင်မယ့် one-stop ၀န်ဆောင်မှု ယူနစ်ဖြစ်ပါတယ်။ ကျွန်မတို့ မှာ ကျန်းမာရေး၊ wellness နဲ့ အလှအပတွေအတွက် ၀န်ဆောင် မှုတွေရှိ ပါတယ်" ဟုဆိုပါသည်။

ဆောင်ရွက်မှုအား ထိုင်းနိုင်ငံတွင်သာမက အထူးသဖြင့် သြစတြေးလျ၊ တရုတ် နှင့် အရှေ့ အလယ်ပိုင်းဒေသ စသည့် နိုင်ငံရပ်ခြားတိုင်းပြည်များ ထိတိုင်လူသိများထင်ရှားပါသည်။

TRIA မှ၎င်း၏ဈေးကွက်ကို တရုတ်နိုင်ငံနှင့် အရှေ့ အလယ်ပိုင်းဒေသများသို့ ချဲ့ ထွင်ရန်အတွက် Lunjakornkul သညှ် ယခုနှစ်အတွင်း ပလတ်စတစ်ဆာဂျရီ နှင့် ဆံပင်အစားထိုးကုသမှုများကဲ့သို့ သော အထူး ထုတ်ကုန်များ အပေါ်တွင် ပိုမိုအာရုံစူးစိုက်ထားလျက်ရှိသည်။ နိုင်ငံရပ်ခြားတွင် လုပ်ငန်းလုပ်ပိုင်ခွင့် ရယူလိုသည့် သူများကိုလည်း ရှာဖွေလျက်ရှိပါသည်။ အရှေ့ အလယ်ပိုင်းဒေသသည် ဖြစ်နိုင်ချေအရှိဆုံးဖြစ်ပါသည်။

Lunjakornkul မှ ထိုင်းနိုင်ငံသည် ဆေးဝါးကုသမှုဆိုင်ရာ ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းမွန် လျက်ရှိပြီး အစိုးရ နှင့် အထူးသဖြင့် DITP မှစီစဉ်ဆောင်ရွက်ပေးလျက်ရှိသည့် စီးပွားရေးလုပ်ငန်းအား ကိုက်ညှိ သည့်အစီအစဉ် စသည့် ပံ့ပိုးကူညီမှုများကို လက်ကမ်းကြိုဆိုလျက်နေသည်ဟု ယုံကြည်ပါသည်။ ၄င်းမှ လတ်တ လောတွင် ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းအာဏာပိုင်များမှ ကြီးမှူးသည့် ကုန်သွယ်ရေး မစ်ရှင်အဖွဲ့ သို့ ဝင်ရောက် ထားပါသည်။

Lunjakornkul မှ အခြေခံအားဖြင့် wellness အတွက် အရေးပါသည့်အရာမှာ adjustment (ပြင်ဆင်ညှိနှိုင်းခြင်း) ပင် ဖြစ်သည်ဟု ယုံကြည်ထားပါသည်။ လူအများမှ လူမှုဘ၀ပုံစံများကိုပြောင်းလဲရန်အတွက် ပြင်ဆင်မှုများဆောင် ရွက်ရသည်။ သို့ သော် ဤကဲ့သို့ ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ရန်အတွက် လွန်ကဲသည့်၊ တင်းကြပ်သည့် နည်းဟန်များဖြင့် မဆောင်ရွက်သင့်ပေ။ ၄င်းမှအလေးထားပြောပြသည်မှာ "ပျော်ရွှင်မှုက wellness ပါ" ပင်ဖြစ်ပါ သည်။

ပိုမိုသိရှိလိုပါက http://www.triawellness.com အားလေ့လာဖတ်ရှုနိုင်ပါသည်။
Mark Bibby Jackson ရေးသားတင်ဆက်သည်။

 

366744