Issue 46

၎င်း၏အရည်အသွေးမြင့်ထုတ်ကုန်နှင့် နိုင်ငံတကာမှအသိအမှတ်ပြုလက်ခံထားခြင်းများ ကြောင့် ထိုင်းအော်ဂဲနစ် (ဓာတုဆေးလွတ်) အမှတ်တံဆိပ်ဖြစ်သည့် Znya Organics သည် ယခုအခါတွင် အပြည်ပြည်ဆိုင်ရာ ဈေးကွက် အလယ်တွင် လူသိများထင်ရှားသည့် အော်ဂဲနစ်အမှတ်တံဆိပ်များတွင် တစ်ခုအပါအ၀င်ဖြစ်လာပြီ ဖြစ်ပါသည်။

ဖောက်သည်များ၏ လိုအပ်ချက်ကို သတိပြုနားလည်ခြင်းသည် အောင်မြင်မှုအတွက် အရေးပါကြောင်း ကျယ်ကျယ် ပြန့်  ပြန့် လက်ခံထားကြသည်။ နှစ်ကာလကြာမြင့်စွာ အရေပြားဓာတ်မတည့်မှုကို ခံစားခဲ့ရသည့် သူတစ်ယောက်အနေဖြင့် Witraporn Pimpla သည် သဘာဝအော်ဂဲနစ်ထုတ်ကုန်များအပေါ်ပိုမိုဂရုပြုလာမိခဲ့သည်။

သူမမှ "ဓာတုပစ္စည်းတွေကင်းတဲ့ body care ထုတ်ကုန်တွေကို ရှောင်လိုက်တာနဲ့ ကျွန်မရဲ့ အရေပြားဓာတ်မတည့်တာက တဖြည်းဖြည်းနဲ့ သက်သာလာတယ်။ ဆပ်ပြာအတော်တော်များများမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက အရေပြားဓာတ်မတည့် တာကို ဖြစ်စေနိုင်တယ်ဆိုတာကို ကျွန်မသဘောပေါက်လာတယ်။ ဒါကြောင့် ဒီဟာကို လေးလေးနက်နက် စပြီးလေ့လာခဲ့ တာပါ" ဟုဆိုသည်။

သူမကိုယ်တိုင်အတွက်နှင့် သူမဘေးရှိလူများအတွက် အော်ဂဲနစ်ဆပ်ပြာနှင့် အခြားထုတ်ကုန်များကို ပြုလုပ်ပြီးနောက်၊ သူမ ၏ကိုယ်ပိုင် ကုမ္ပဏီကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။ Znya Organics ကုမ္ပဏီအား 2012 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါ သည်။ သူမ၏ရည်ရွယ်ချက်မှာ ပြည်တွင်းနှင့် ပြည်ပရှိ အကောင်းဆုံးအော်ဂဲနစ် ပါဝင် ပစ္စည်းများကို အသုံးပြု ၍ ဈေးကွက် အတွင်းသို့ အကောင်းဆုံးထုတ်ကုန်ပစ္စည်းများကိုသာ ဖြန့် ဖြူးပေးရန် ရည်ရွယ်ပါသည်။

လေးနှစ်အတွင်းZnyaOrganicsမှဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ လိုးရှင်း၊ ခန္ဓာကိုယ်အတွက်ဆီ နှင့် ကလေးများအတွက် ထုတ်ကုန်များမှ စပါထုတ်ကုန်ပစ္စည်းများကဲ့သို့ သော အော်ဂဲနစ်အရေပြားသန့် စင်သည့်ထုတ်ကုန် အမြောက်အမြား ကို ထုတ်လုပ်နိုင်ခဲ့သည်။

ထုတ်ကုန်များတွင် ပြည်တွင်းအော်ဂဲနစ် ပါဝင်ပစ္စည်းများ 70% မှ 100% အထိပါဝင်ပါသည်။ သူမမှ "ကျွန်မတို့ ရဲ့  ထုတ်ကုန်က ထိုင်းလူမျိုးရဲ့ ကိုယ်ပိုင် လက္ခဏာကို ကိုယ်စားပြုပါတယ်။ကျွန်မတို့ ရဲ့ အော်ဂဲနစ်ဆပ်ပြာတွေကို curcuma၊ စပါးလင် နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထိုင်းဆေးဘက်ဝင်အပင်အမြောက်အမြားနဲ့ လုပ်ထားတာပါ။ ဒါ့အပြင်၊ ထိုင်း အော်ဂဲနစ် ဆေးဖက်ဝင်အပင် 100% နဲ့ လုပ်ထားတဲ့ ဘမ်းပရုတ်ဆီ၊ ဖိသိပ်တဲ့ဘောလုံးလေးတွေလိုမျိုး အော်ဂဲနစ် စပါ ထုတ်ကုန်တွေလည်း ရှိပါတယ်" ဟုပြောပြပါသည်။

ထုတ်ကုန်များကို USDA Organics နှင့် ဂျပန်နိုင်ငံမှ JAS တို့ မှ အသိအမှတ်ပြုလက်ခံထားပြီး ပါဝင် ပစ္စည်းများမှာ အော်ဂဲနစ်များဖြစ်ကြောင်း အာမခံပါသည်။

လက်ရှိတွင် Znya Organics ထုတ်ကုန်များကို ဟောင်ကောင်တွင် ရောင်းချနေပြီး နောက်ထပ်ရောင်းချမည့် နိုင်ငံများ စာရင်းတွင် ဂျပန်၊ စင်္ကာပူ နှင့် ဂျာမနီနိုင်ငံများ ပါဝင်နေပါသည်။ သို့ သော်၊ ကမ္ဘာအနှံ့ ရှိ ၀ယ်ယူလိုသူများမှ ထုတ်ကုန်များ ကို အင်တာနက်အသုံးပြု ၍မှာယူအသုံးပြုနိုင်ပါသည်။

"အနာဂတ်မှာ၊ နောက်ထပ် ပြည်တွင်းမှာရှိတဲ့ ဈေးကွက်ကိုထိုးဖောက်တာအပြင် နိုင်ငံတကာဈေးကွက်ထဲကို Znya Organics ၀င်ဆံ့နိုင်ဖို့ အတွက် ရှေးရှုလုပ်ဆောင်သွားမှာပါ။ အထူးသဖြင့် EU နဲ့ US ဈေးကွက်တို့ လိုပေါ့" ဟု သူမမှ ပြောကြားပါသည်။

အော်ဂဲနစ်လုပ်ငန်းရှင်ဖြစ်သည့် သူမမှ ၄င်း၏ကုမ္ပဏီ အဓွန့် ရှည်တည်တံ့ခိုင်မြဲလိမ့်မည်ဖြစ်ကြောင်းကို ယုံမှားသံသယ မရှိပေ။ "ကျွန်မတို့ ရဲ့ သဘာဝနဲ့ အော်ဂဲနစ် ထိုင်းဆေးဘက်ဝင်အပင်တွေကို ၀ယ်သူတွေ ကြိုက်နှစ်သက်ကြပြီး၊ ဘေး ကင်းပြီး အရည်အသွေးမြင့်မားတဲ့ အော်ဂဲနစ် ထုတ်ကုန်တွေကိုရှာဖွေတဲ့အချိန်မှာ ဒီတံဆိပ်ကို တွေးမိမယ်လို့အခိုင် အမာယုံကြည်ထားပါတယ်" ဟုဆိုပါသည်။

ပိုမိုသိရှိလိုပါက ကျေးဇူးပြု ၍ www.znyaorganics.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

Patcharee Taedangpetch ရေးသားတင်ဆက်သည်။ Znya Organics မှဓာတ်ပုံများ ရယူပါသည်။

 

 

366737