Issue 45

ထိုင်းနိုင်ငံသားဗိသုကာပညာရှင်တစ်ဦးဟာ သူ၏ရိုးရာမိသားစုနေအိမ်ကို ခမ်းနားလှပသော နောက်ဆုံးပေါ်ဟိုတယ်ကြီးတစ်လုံးအဖြစ် သမိုင်းဝင်သည့် ဘန်ကောက်ရဲ့ ရက်တန်နကိုစင်ကျွန်းနေရာတွင် ပြောင်းလဲတည်ဆောက်ခဲ့သည်။

Baan Noppawong ထဲခြေလှမ်းကိုဝင်ရောက်လိုက်သည်နှင့် ချက်ချင်းဆိုသလို ကိုလိုနီခတ်ပုံစံသစ်သားအိမ်တစ်လုံးရဲ့ နွေးထွေးကြိုဆို နေသည့်ဝန်းကျင်ဓလေ့စရိုက်ကို ခံစားရမှာပါ။ ဧည့်သည်တွေအတွက် အခန်းခုနှစ်ခန်းနှင့်အတူ၊ သင့်အား နောက်ထပ်တိုးချဲ့လာသည့် မိသားစုအဖွဲ့ဝင်သဘောအဖြစ် ဆက်ဆံပေးသွားကြမှာဖြစ်ပါတယ်။

"ထိုင်းတွေရဲ့ ဧည့်ဝတ်ကျေပွန်မှုကတော့ ဆွဲဆောင်မှုရှိတယ်၊"လို့ စီရမ်ဟိုတယ်ပြုလုပ်မှုရဲ့ CEO နှင့် Baan Noppawong ရဲ့ ပြန်လည် ပြုပြင်ရေး နောက်ကွယ်မှ စီစဉ်ညွှန်ကြားသူ Kantasom Noppawong Na Ayudhaya က ပြောဆိုခဲ့ပါတယ်။ "တချို့နိုင်ငံတွေမှာ ဆိုရင်၊ ဝန်ဆောင်မှုကအရမ်းကိုစနစ်တကျဖြစ်လွန်းတယ်၊ ဒါပေမဲ့ ထိုင်းစတိုင်ရဲ့ဝန်ဆောင်မှုပုံစံကတော့ နှလုံးသားထဲကကြိုဆိုမှုတွေမှ လာတာ ဖြစ်တယ်"

သင်ရဲ့ မိသားစုအိမ်ကို နောက်ဆုံးပေါ်ဟိုတယ်တစ်လုံးအဖြစ်ပြောင်းလဲလိုက်ခြင်းဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်းက မကြားဖူးကြတဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။

"ဒီအိမ်ကို ကျတော်ဘယ်လိုပြုပြင်မလဲဆိုတာစဉ်းစားကြည့်တော့၊ တစ်ချို့တွေက စားသောက်ဆိုင် သို့မဟုတ် ပြတိုက်အဖြစ်လုပ်လိုက် ဆိုပြီးအကြံပေးကြတယ်၊ ဒါပေမဲ့လည်း၊ အဲဒီရဲ့တည်နေရာကလည်း ဝက်ဖရာကွေး နေရာကနေ ညာဘက်ထောင့်ကျနေရာတစ်ခုဖြစ်တဲ့ ဘန်ကောက်မြို့ရဲ့ အလွန်အရေးကြီးတဲံနေရာတစ်ခုဖြစ်နေတယ်။" "ဒေသခံလူတစ်ချို့ကတော့ အဲဒီအချိန်တုန်းက နောက်ဆုံးပေါ်ဟိုတယ် ရဲ့အယူအဆကို နားမလည်ကြဘူးလေ။" လို့ သူက ထပ်ပြောထားပါသေးတယ်။

 

With his training as an architect, Noppawong Na Ayudhaya was determined to preserve the original house as much as possible, while integrating the modern functionality of a hotel. He says that international guests enjoy the experience at Baan Noppawong as the hotel is comparable to a four-star hotel located in an historic area.

ဗိသုကာပညာရှင်တစ်ဦးအနေဖြင့်သူ့ရဲ့လေ့ကျင့်မှုနှင့်အတူ၊ Noppawong Na Ayudhaya က ခေတ်မီဟိုတယ်အဆောက်အဦးပုံစံကို တည်ဆောက်နေစဉ် နဂိုအိမ်ပုံစံအတိုင်းဖြစ်နိုင်သလောက်ထားရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူပြောပြတာက နိုင်ငံခြားဧည့်သည်တွေက ဤသမိုင်းဝင်နေရာမျိုးမှာ ကြယ်လေးလုံးဟိုတယ်နဲ့ နှိုင်းယှဉ်လို့ရတဲ့အတွေ့အကြုံကို Bann Noppawong မှာခံစားလို့ရတယ်လို့ ပြောပါတယ်။

Baan Noppawong ပုံစံက နဂိုအနေအထားပုံစံအတိုင်းဖြစ်သည့်၊ ကျွန်းသစ်အခင်း၊ တံခါး နှင့် ပြတင်းပေါက်တို့ကို လက်ရာဟောင်းတိုင်း ထားရှိပြီး၊ အခန်းတစ်ခန်းချင်းကိုတော့ ထိုင်းနိုင်ငံမှ ကိုးခုမြောက်အဆင့်ရှိ တန်ဖိုးကြီးကျောက်ပုံဆောင်ခဲ (Manee-Noppakao) နှင့် အထူးဆင်ထားပြီး တမူထူးခြားသောဧည့်ခန်းအတွေ့အကြုံကိုဖန်တီးဖို့အတွက်ဖြစ်ပါတယ်။ Noppawong Na Ayudhaya ဆက်လက်ပြီး၊ ရှေးကျတန်ဖိုးကြီးပရိဘောဂတွေကိုလည်း အခန်းအတွင်းအလှဆင်ထားသည့်အကြောင်းကိုလည်း ထပ်ပြောပြထားပါသေးသည်။

အခြားလက်ရာမြောက်တဲ့အရာကတော့ ဧည့်သည်တွေက နေအိမ်အနောက်ဘက်မှာ အင်္ဂလိပ်လက်ဖက်ရည်သုံးဆောင်ရင်း သစ်သား ဖြင့်ပြုလုပ်ထားသည့် အိမ်ချင်းဆက်တိုက်တန်းပေါ်မှာလည်း အနားယူနိုင်ပါတယ်။

လွန်ခဲ့သောလေးနှစ်လောက်က ၎င်းကိုစတင်ဖွင့်လှစ်ကတည်းက၊ ဟော်လန်၊ နော်ဝေး၊ ပြင်သစ် နှင့် အခြားဥရောပတိုက်ရှိနိုင်ငံများမှ ဧည့်သည်တွေအများကြီး Baan Noppawong ကိုလာရောက်လည်ပတ်ခဲ့ကြတယ်လို့ Noppawong Na Ayudhaya က ဆိုခဲ့ပါတယ်။

ဗိသုကာပညာရှင်နှင့်စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် သူ၏အခြားစီးပွားရေးဖြစ်သည့် Siam Hotel Maker ကို နောက်ဆုံးပေါ်ဟိုတယ်များ အတွက် တိုင်ပင်ခံလုပ်ငန်းဝန်ဆောင်မှုအတွင်း - ပြုပြင်မှုမှ ဒီဇိုင်းနှင့်စီမံခန့်ခွဲမှုသို့- နောက်ဆုံးပေါ်ဟိုတယ်လုပ်ငန်းအတွက် အလားအလာ ကောင်းကို မြင်သည်သကဲ့သို့ ပြောင်းလဲပစ်လိုက်ခြင်း ဖြစ်ပါတယ်။

ပြီးနောက်၊ သူ့အနေဖြင့် ၎င်းနောက်ဆုံးပေါ်ဟိုတယ်များကို ဒေသခံရပ်ရွာအသိုင်းအဝိုင်းထံ ပြန်လည်ပေးဆပ်နိုင်တယ်လို့လည်း ယုံကြည် ထားပါတယ်။

"နောက်ဆုံးပေါ်ဟိုတယ်တွေဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနှင့်ညှိနှိုင်းရာတွင်ကောင်းမွန်တဲ့အခွင့်အရေးတစ်ခုရှိတယ်။ ဥပမာ၊ Baan Noppawongက အိမ်တစ်အိမ်လိုဖွဲ့စည်းတည်ရှိမယ့်အစား၊ ဒေသခံစားသောက်ဆိုင်တွေက ဧည့်သည်တွေကိုလည်းဝန်ဆောင်မှုပေးသလို အနီးအနားကအနှိပ်ခန်း Spa တွေက အနှိပ်ပညာရှင်တွေကိုလည်းခေါ်ယူထားပါတယ်။ ရောက်ရှိလာတဲ့ဧည့်သည်တွေကိုလည်း သူတို့ နည်းအတိုင်း ထိုင်းနိုင်ငံရဲ့ဓလေ့အတွေ့အကြံ၊ ယဉ်ကျေးမှုအရသာကိုလည်း ကျတော်တို့အနေနဲ့ပေးနိုင်ပါတယ်။"လို့ သူကထပ်ပြီး ပြောပြ ထားပါသေးတယ်။

Baan Noppawong
၁၁၂-၁၁၄ စွိုင်း ဒမ်နိုးမ် ခလမ် တိုင်း၊ ရတ်ချဒမ်နိုးမ် ခလမ် လမ်း၊ ဘိုဝန် နိဝက်၊ ဖရာ နကွန်၊ ဘန်ကောက်မြို့ ၁၀၂၀၀ ထိုင်းနိုင်ငံ
တယ်လီဖုန်းနံပါတ် +၆၆ ၂ ၂၂၄ ၁၀၄၇
www.baannoppawong.com

ဆောင်းပါး - Pimsirinuch Borsub

 

366612