Issue 44

ထိုင်းဆေးဖက်ဝင်အပင်များနှင့် ပြင်သစ်နိုင်ငံမှပါဝင် ပစ္စည်းများကို ပေါင်းစပ်ထားသည့် Laily သည် ထိုင်းအလှကုန် အမှတ်တံဆိပ်အဖြစ် အာဆီယံတစ်ဝှမ်း ပျံ့ နှံ့ ခဲ့ပြီဖြစ်ပါသည်။

Laily ၏အထွေထွေမန်နေဂျာ Patthanan Hongpiticharoen မှ "ကျွန်မတို့ ရဲ့ ထိုင်းသဘာဝ ပါဝင်ပစ္စည်းတွေ နဲ့  ထုတ်ကုန်တွေမှာ သူတို့ တွေရဲ့ ကိုယ်ပိုင်ထူးခြားမှုတွေရှိပါတယ်" ဟုဆိုပါသည်။

Laily အား 2013 ခုနှစ်တွင် ထိုင်းသဘာဝပါဝင်ပစ္စည်းများဖြင့်ဖော်စပ်ထားသည့် အရည်အသွေးမြင့် ကုန်ပစ္စည်း အားထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး မျက်နှာ၊ ခန္ဓာကိုယ် နှင့် စပါ အလှကုန် ပစ္စည်း သုံးမျိုး သုံးစားကို ထုတ်လုပ်လျက်ရှိပါသည်။

Hongpiticharoen မှ "ကျွန်မတို့ က သဘာဝ ပစ္စည်းတွေကိုပဲ သုံးထားတာပါ။ ကျွန်မတို့ ရဲ့ အလှကုန်တွေမှာ သူတို့ ရဲ့ အရည်အသွေးတွေအပေါ်မူတည်ပြီး နနွင်း၊ ပဲလိပ်ပြာ ဒါမှမဟုတ် ကဖားသံပရာ စတဲ့ ထိုင်း ပါဝင်ပစ္စည်း တွေ အနည်းဆုံး တစ်မျိုးတော့ပါပါတယ်။ သူတို့ တွေက ကိုယ်တွင်းဟန်ချက်ညီစေဖို့ အတွက် အသုံးဝင်ပါတယ်" ဟုဆိုပါသည်။
Hongpiticharoen သည် ထိုင်းရိုးရာသဘာဝထုတ်ကုန်များအပေါ် အလွန်မှပင်စိတ်ပါဝင်စားပါသည်။

၎င်းမှ "ကျွန်မရဲ့ အမေက ဆေးဝါးဖော်စပ်ကျွမ်းကျင်သူဖြစ်ပြီး ထိုင်းရိုးရာဆေးဝါး နယ်ပယ်မှာ အလုပ်လုပ်ပါတယ်။ အမေက ဆေးဂုဏ်သတ္တိ အမျိုးမျိုးနဲ့ သဘာဝပါဝင်ပစ္စည်း ထိုင်းဆေးဖက်ဝင်အပင်တွေကို အရမ်းကိုစိတ်ဝင်စား တယ်။ ကျွန်မတို့ အိမ်ရဲ့ စီးပွားရေးကလည်း OEM ထုတ်လုပ်ရေးလုပ်ငန်းဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း 30 တည်းက လုပ်ခဲ့တာ။ ဒါကြောင့်၊ ကျွန်မဖန်တီးတဲ့ ကျွန်မရဲ့ ပစ္စည်းကလည်း ကျွန်မရဲ့ ဝန်းကျင်ကလည်း ထွက်လာတာဖြစ်ပါ တယ်" ဟုဆိုပါသည်။

Hongpiticharoen မှ ပါဝင်ပစ္စည်းများ၏အရည်အသွေး၊ ထုပ်ပိုးမှုပုံစံ နှင့် ဈေးနှုန်းများသည် Laily ၏ကုန်ပစ္စည်း များကို ထင်ရှားပေါ်လွင်စေသည့်အရာဖြစ်ကြောင်း ယုံကြည်သည်။ "ကျွန်မတို့ ရဲ့ အဓိကဖောက်သည်တွေက တရုတ်၊ အနောက်နိုင်ငံ နဲ့ ဂျပန် နိုင်ငံတွေကလာကြတဲ့ နိုင်ငံခြားသားခရီးသွားတွေပါ။ သူတို့ တွေက ကျွန်မတို့  ရဲ့  အရည်အသွေးရှိတဲ့ ကုန်တွေနဲ့ ထုပ်ပိုးမှုတွေကို ကြိုက်ကြတယ်။ ထိုင်းနိုင်ငံထုတ် လက်ဆောင်အနေနဲ့ ပေးရတာ မျက်နှာပန်းလှတယ်လို့ သူတို့ တွေကပြောတယ်" ဟု၎င်းမှ ပြောပြပါသည်။

Laily အား သေချာစွာသုတေသနပြုလုပ်ထားပြီး တိုးတက်ကောင်းမွန်လာစေရန်အတွက်ကြိုးပမ်းဆောင်ရွက်နေ သည့်အပြင် ပါဝင်သည့် ပစ္စည်းများကိုလည်း သေချာစွာရွေးချယ်ထားခြင်းဖြစ်ပါသည်။ ၄င်းမှ "ကျွန်မတို့ က ကျွန်မတို့ ရဲ့ ထုတ်ကုန်နဲ့ သင့်လျော်မဲ့ ရင်းမြစ်တွေကို ပြည်တွင်းဖြစ်တဲ့ ထိုင်းနိုင်ငံထဲကသာမက နိုင်ငံရပ်ခြား တိုင်းပြည်တွေကနေလည်း ရွေးချယ်ယူတယ်။ ထိုင်းနိုင်ငံကနေ ဆေးဝါးဂုဏ် သတ္တိကောင်းတွေနဲ့ အပန်းပြေစေတဲ့ ရနံ့ တွေပိုင်ဆိုင်ထားတဲ့ ထိုင်းဆေးဖက်ဝင်အပင်တွေကို သုံးထားတယ်။ ပြင်သစ်နိုင်ငံကနေ သူတို့ ရဲ့ စံချိန်အတိုင်း အသိအမှတ်ပြုထားတဲ့ သဘာဝပါဝင်ပစ္စည်းတွေကို သုံးပါတယ်" ဟုဆိုပါသည်။

၎င်း၏အမှတ်တံဆိပ်ဆိုင်များအား ထိုင်းနိုင်ငံတွင်ဖွင့်လှစ်ထားသည် သာမက၊ ယခုအခါတွင် ကမ္ဘောဒီးယား၊ မလေးရှား နှင့် ထိုင်ဝမ်နိုင်ငံများတွင်လည်း တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိပါသည်။
စီးပွားရေးလုပ်ငန်းရှင်မှ ထိုင်းလူမျိုးများသည်လည်း မိမိ၏ ပြည်တွင်းအမှတ်တံဆိပ်များအပေါ်တန်ဖိုးထား သင့်သည် ဟုထင်မြင်ပါသည်။ "ကျွန်မ ထိုင်းလူမျိုးတွေကိုပြောချင်တာက ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို ဈေးနှုန်း တစ်ခုတည်းအပေါ်မှာပဲ တန်ဖိုးမဖြတ်စေချင်ပါဘူး။ ကိုယ့်ရဲ့ မူရင်းဇစ်မြစ်နဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တန်ဖိုးထားသင့်ပါတယ်။ တစ်ချို့ က နာမည်ကြီးတံဆိပ်ဆိုရင် အရည်အသွေးလည်း မြင့်မယ်လို့ ထင်ကြတယ်။ ဒါပေမယ် တကယ်မှာက ထိုင်းထုတ်ကုန်တွေကလည်း အရည်အသွေးကောင်းပြီး ဈေးနှုန်းလည်းချိုသာပါတယ်" ဟု ၄င်းမှ ဆိုပါသည်။

ပိုမိုသိရှိလိုပါက www.lailybeauty.com အားလေ့လာဖတ်ရှုနိုင်ပါသည်။

Natthinee Ratanaprasidhi ရေးသားတင်ဆက်သည်။

 


 

366761