Issue 43

ကမ္ဘာတစ်လွှား ဟာလာအစားအသောက် တောင်းဆိုမှုမြင့်မားလာသည်နှင့် အမျှ၊ ထိုင်းစီးပွားရေးလုပ်ငန်းများသည် အာဆီယံ နှင့် အရှေ့ အလယ်ပိုင်းရှိ မွတ်စလင်နိုင်ငံများသို့ ဟာလာထုတ်ကုန်များ တင်ပို့ ရန်အတွက်နည်းလမ်းများ ရှာဖွေလာကြသည်။
ထိုင်းနိုင်ငံသည် အရှေ့ တောင်အာရှတွင် ဟာလာထုတ်ကုန်တင်ပို့ သည့် ထိပ်တန်းနိုင်ငံတစ်နိုင်ဖြစ်သကဲ့သို့ ကမ္ဘာတွင် လည်း ပဉ္စမမြောက် အကြီးမားဆုံး ဟာလာစားသောက်ကုန်တင်ပို့ သည် နိုင်ငံဖြစ်ပါသည်။ ရင်းနှီးမြှပ်နှံမှု ဘုတ်အဖွဲ့  (Board of Investment (BOI)) အရ၊ 2014 ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ဟာလာထုတ်ကုန်တင်ပို့ မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာသန်းပေါင်း 275 သန်းရှိကြောင်းသိရသည်။ သို့ သော်၊ ကမ္ဘာပေါ်ရှိ ဟာလာဈေးကွက်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ဘီလီယံပေါင်း 976 ဘီလီယံ ရှိသည့်အတွက် တိုးတက်ရန်အလို့ ငှာ ဆောင်ရွက်ရန်မြောက်မြားစွာကျန်ရှိနေသေး သည်။
ဟာလာ ညီလာခံအား ဘန်ကောက်ရှိ မိဖုရာသီရီခေတ် အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ဒီဇင်ဘာလ 25 ရက်နေ့ မှ 27 ရက်နေ့ အထိ "ဟာလာယဉ်ကျေးမှု နှင့် ဟာလာစီးပွားရေးအတွက် ပြောင်းလဲဆန်းသစ်ခြင်း" ဟူသောခေါင်းစဉ်အောက်၌ ကျင်းပခဲ့သည်။ အချို့ သောဆိုင်ခန်း 200 တွင် မွတ်စလင်ဈေးကွက်ကို ရှေးရှု ၍ အပြည်ပြည်ဆိုင်ရာနှင့် ဒေသတွင်း ထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ပါသည်။
ဟာလာသိပ္ပံစင်တာ (Halal Science Center) အားတည်ထောင်သူ ဒါရိုက်တာတစ်ဦးဖြစ်သည့် Dr Winai Dahlan မှ ပြပွဲ ကိုကျင်းပရသည့်ရည်ရွယ်ချက်မှာ ထိုင်းမွတ်စလင်းများအတွက် စီးပွားရေးအဆက်အသွယ်များ ထူထောင်ပေးရန် နှင့် ၄င်းတို့ ၏ ကျွမ်းကျင်မှုနှင့် ဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သကဲ့သို့ ၊ တစ်ချိန်တည်းမှာပင် ကမ္ဘာအရပ်ရပ်ရှိ မွတ်စလင်အသိုင်းအ၀ိုင်းများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့်၊ ကွန်ရက်ဖြန့် ကျက်တည်ထောင်နိုင်မည့် အခွင့်အရေးကို ဖော်ဆောင်ပေးရန်ပင်ဖြစ်သည်ဟု ပြောဆိုပါ သည်။
၎င်းမှ "ထိုင်းနိုင်ငံ ဟာလာညီလာခံကို ကျင်းပရတာက လျင်မြန်စွာကြီးထွားလာတဲ့ ဟာလာထုတ်ကုန်တွေအတွက် ထိုင်းနိုင်ငံရဲ့ အခန်း ကဏ္ဍကို ဖော်ထုတ်ပြသဖို့ အတွက်ပါ" ဟုဆိုပါသည်။
ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့  (Tourism Authority of Thailand) အုပ်ချုပ်ရေးမှူး Yuthasak Supasorn ၏အဆိုအရ ထိုင်းနိုင်ငံသို့  ထောင်ပေါင်း များစွာသော မွတ်စလင်များ နှစ်စဉ်လာရောက်ကြကြောင်း သိရပါ သည်။ "AEC ကိုဖွဲ့ စည်းတည်ထောင်ပြီးတဲ့နောက်မှာ အိမ်နီးချင်း အာဆီယံနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှား၊ မလေးရှား နဲ့  ဘရူနိုင်း ဒါရူစလာမ် အစရှိတဲ့နိုင်ငံတွေကလူတွေလည်း လာလည်လိမ့်မယ်လို့ မျှော်လင့်ထားတဲ့အတွက် လည်ပတ်တဲ့သူ အရေအတွက် ပိုများလာပါလိမ့်မယ်။"
စီးပွားရေးလုပ်ငန်းအား ထိုင်းနိုင်ငံ၏ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (TAT) အုပ်ချုပ်ရေးမှူးနှင့် သဘောတူညီမှုရယူ ထားခြင်းဖြစ်သည်။
များမကြာသေးသည့်အချိန်ကာလအတွင်း ဆေးဝါးပညာရှင် Intira Palee မှ ဟာလာ အသိအမှတ်ပြုလက်မှတ်ရရှိထား သည့် ယူအေအီး၊ ဆော်ဒီအာရေဗျ၊ အိုမန် နှင့် ကာတာ နိုင်ငံအစရှိသည့် အရှေ့ အလယ်ပိုင်းဒေသတွင်းရှိ တိုင်းပြည်များ တွင် ဈေးကွက်တင်ရောင်းချလျက်ရှိသည့် The Queen Bee ဟုခေါ်တွင်သည့် သီးသီးသန့် သန့် ထုပ်ပိုးထားသော ပျားရည် ကို တီထွင်ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။
Palee မှ "ပျားရည်က ဟာလာအသိအမှတ်ပြုလက်မှတ်နဲ့ ကိုက်ညီတဲ့ အစာအာဟာရတစ်ခုဖြစ်ပါတယ်။ အရှေ့ အလယ်ပိုင်း ဒေသမှာရှိတဲ့ စားသုံးသူတွေက ကျွန်မတို့ ရဲ့  ပစ္စည်းကို ကြိုက်ကြတယ်။ ဘာကြောင့်လဲဆိုရင် ပျားရည်ရဲ့ ကောင်းကျိုးတွေ ကို ကိုရမ်ကျမ်းထဲမှာ ဖော်ပြထားသလို၊ ကျွန်မတို့ ပစ္စည်းရဲ့ အကောင်းစားအရည်အသွေးနဲ့ အရသာကို သူတို့ ကြိုက်ကြတဲ့ အတွက် ဖြစ်ပါတယ်" ဟုဆိုပါသည်။
ပျားရည်ကို ချန်းမိုင်မြို့ ရှိ ပျားများမှထုတ်လုပ်ထားပါသည်။ ရာခိုင်နှုန်းပြည့် 100% ထိုင်းနိုင်ငံတွင် ထုတ်လုပ်ထားသည့် ပျားရည်ကို အပူမပေး၊ ပိုးမသတ်၊ မပြုပြင်ထားပါ။
Palee မှ ဟာလာညီလာခံအား ကျင်းပနိုင်ခြင်းသည် ဟာလာစီးပွားရေးအတွက် ပို့ ကုန် တင်ပို့ ရောင်းချနိုင်မည့် ကြီးမားသည့် အခွင့်ထူးကို ဖော်ပြနေခြင်းပင် ဖြစ်ကြောင်းဆိုပါသည်။ ၄င်းမှ "ထိုင်းနိုင်ငံမှာ ဟာလာစီးပွားရေးလုပ်ငန်းက အကြီးအကျယ်ကို တိုးတက်လာတယ်။ ကျွန်မထင်တယ် ကျွန်မတို့ ရဲ့ စီးပွားရေးကို ဒီ့ထက်တိုးချဲ့ နိုင်မယ်လို့ ။ ဘာကြောင့် ဆိုရင် ဟာလာ အသိအမှတ်ပြုလက်မှတ်ကို တစ်ကမ္ဘာလုံးမှာရှိတဲ့ မွတ်စလင်တွေက လက်ခံကြတဲ့အတွက် ကြောင့်ပါ။ ကျွန်မလည်း ကျွန်မ ကုန်ပစ္စည်းရဲ့ ဈေးကွက်ကို ချဲ့ ထွင်နိုင်မယ့် ဖြစ်နိုင်ချေ နည်းလမ်းတွေကို ရှာဖွေနေပါတယ်" ဟု ပြောပြ ပါသည်။

Pimsirinuch Borsub မှရေးသားတင်ဆက်သည်။

 


 

 

366634