Issue 42

ထိုင်းခရီးသွားလာရေးလုပ်ငန်း မှ နောက်ဆုံးပေါ်မီးဆလိုက်နည်းပညာများကိုအသုံးပြုမည့် တောင်ပိုင်းရိုးရာအက ကပြဖျော်ဖြေမည့် နေရာအတွက် ကမ်းလင့်ကြိုဆိုခြင်း။

ခရီးသွားလာရေးလုပ်ငန်းကဏ္ဍသည် ထိုင်းနိုင်ငံတွင် အမြဲပင်ကြီးထွားလာနေသည့် ကဏ္ဍဖြစ်ပါသည်။ 2015 ခုနှစ်၏ ပထမ10 လအတွင်း ကမ္ဘာလည့်ခရီးသည် သန်းပေါင်း 24.3 လာရောက်လည်ပတ်ခဲ့ကြသည်။ 2014 ခုနှစ် ပထမ ဆယ်လပိုင်းနှင့် နှိုင်းယှဉ်ပါက 24.75% တိုးတက်လာခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် မြောက်ပိုင်းရှိ အေးမြသည့် တောင်တန်းများမှအစ တောင်ပိုင်းရှိ ပင်လယ်ကမ်းခြေများအဆုံး ပြည်တွင်း ပြည်ပ ခရီးသွားများကိုဆွဲဆောင်နေသော လှပသည့် သဘာဝ သာမက လူမှပြုလုပ်ထားသော ကြည့်ရှုလည်ပတ်ရန် နေရာမြောက်မြားစွာ ရှိနေပါသည်။ တိုင်းပြည်တောင်ပိုင်းရှိ မရေမတွက်နိုင်သော ကမ်းခြေများနှင့် ကျွန်းစုများသို့ သွားရာ လမ်းအဖြစ်လူသိများသည့် ကရာဘီခရိုင်တွင် ယခုအခါ ထိုင်းနိုင်ငံတွင် မရှိဖူးသေးသော ပထမဆုံးလည်ပတ်ရန်နေရာ ဖြစ်သည့် PAKA Showpark ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါသည်။

အပန်းဖြေစရာဖျော်ဖြေမှုအမျိုးမျိုး စုပေါင်းတည်ရှိနေသည့် အီလူမနိုရာ (Illumanorah) တွင် လှပသည့် ရောင်စုံ LED မီးများ၊ နောက်ခံမီးများ နှင့် မနိုရာ (menorah) ဟုခေါ်တွင်သော ကြည်နူးဖွယ်တောင်ပိုင်းရိုးရာအက အလှကိုလည်း တွေ့  မြင်ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
PAKA Showpark ၏ တွဲဖက်ဥက္ကဌ ဖြစ်သည့် Chatuphol Sittichai မှ "PAKA Showpark မှာရှိတဲ့ အီလူမနိုရာ (Illumanorah) ဖျော်ဖြေတင်ဆက်မှုတွေက စိတ်ကူးအိပ်မက် ပုံပြင်တွေကို သီချင်းတွေ အကတွေနဲ့ တင်ဆက် ကပြကြ တာပါ။ တင်ဆက်မှုတွေကို ပုံမှန်လှည့်နေတဲ့အတွက် လာရောက်လည်ပတ်ကြတဲ့သူတွေအနဲ့ မတူညီကွဲပြားတဲ့ ဖျော်ဖြေ တင်ဆက်မှုတွေကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်" ဟုဆိုပါသည်။
Sittichai မိသားစု၏ အရှေ့ မြောက်ပိုင်း Khonkaen ခရိုင်ရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှနေ၍ အပန်းဖြေစရာ ဖျော်ဖြေမှုအမျိုးမျိုး စုပေါင်းတည်ရှိနေသည့်နေရာ စိတ်ကူးအိပ်မက် ပေါ်ပေါက်လာခဲ့ပါသည်။ ၄င်းမှ "PAKA Showpark က ဖျော်ဖြေမှုပေါင်းစုံကို စီစဉ်ပေးတာနဲ့ အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းကို ရောထားတာပါ။ ကျွန်တော်က ကမ္ဘာ လှည့်ခရီးသွားတွေရဲ့ စိတ်ကိုဆွဲဆောင်ချင်တာ။ ဒါကြောင့် ကမ္ဘာ လှည့်ခရီးသွားအများကြီးလာကြတဲ့ ခရိုင်တွေကို စပြီး ရှာခဲ့တာ" ဟုဆိုပါသည်။
ကရာဘီ ခရိုင်သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကမ္ဘာ လှည့်ခရီးသွား ဒုတိယအများဆုံး လာရောက်ကြသည့် နေရာတစ်ခု ဖြစ်ကြောင်း Sittichai မှဖြည့်စွက်ပြောကြားပါသည်။ ထို့ ကြောင့် ၄င်းနေရာသည် ဒေသယဉ်ကျေးမှုကို စိတ်လှုပ်ရှားဖွယ် နည်းပညာများဖြင့် ပေါင်းစပ်ဖျော်ဖြေမည့် ဆန်းသစ်သည့်လည်ပတ်ရန်နေရာတည်ဆောက်ရန်အတွက် အကောင်းဆုံး ဖြစ်လာခဲ့သည်။
အရပ်ဒေသ အပေါ်ထားရှိသော ခိုင်မာသည့်ဆက်နွယ်မှုသည် Showpark ကြီး၏အမည်တွင် ပေါ်လွင်ထင်ဟပ်နေပါ သည်။ PAKA အားခရိုင်၏မူလအမည်ဖြစ်သည့် Pakasai မှရယူမှည့်ခေါ်ထားခြင်းဖြစ်သည်။ ဖျော်ဖြေတင်ဆက်သူ များ အားလုံးသည် ဒေသခံများဖြစ်ကြပါသည်။ ထို့ ပြင် ပန်းခြံတွင်းရှိ စားသောက်ဆိုင်များသည်လည်း ကရာဘီ ၏ ရှိရင်းစွဲ စားသောက်ဆိုင်များနှင့် မတူ တမူထူးလှပါသည်။
စကင်ဒီနေးဗီးယား၊ တရုတ် နှင့် ဟောင်ကောင်တို့ မှ ကရာဘီလေဆိပ်သို့ တိုက်ရိုက်ဆင်းသက်နိုင်ပါသည်။ ၄င်းပြင်၊ ပတ်ဝန်းကျင်ရှိနိုင်ငံများ အထူးသဖြင့် မလေးရှားနိုင်ငံများသည်လည်း ကျွန်းစုများ၏ဆွဲဆောင်မှုအပေါ် တဖြည်းဖြည်းနှင့် မျက်စိကျလာလျက် ရှိသည်။
Sittichai မှ "ပန်းခြံကိုလာလည်တဲ့သူတွေထဲမှာ စကင်ဒီနေးဗီးယား၊ တရုတ်၊ မလေးရှားနဲ့ ထိုင်းလူမျိုးတွေ သာတူညီမျှ ပါဝင်ကြလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ အာဆီယံတိုင်းပြည်တွေကလည်း တိုတောင်းတဲ့အားလပ်ရက်လေးတွေမှာ ထိုင်းနိုင်ငံကို လာလည်ကြတယ်" ဟုဆိုပါသည်။
ခရီးသွားအေးဂျင့်များမှတဆင့်၊ ထိုင်းနိုင်ငံ ခရီးသွားအာဏာပိုင်များစီစဉ်သော လှည့်လည်သွားလာပြသ သည့်ပွဲ များတွင် ပါဝင်ပြသခြင်းမှတဆင့် Sittichai သည် ပန်းခြံကို လူသိများထင်ရှားအောင်ပြုလုပ်လျက်ရှိသည်။
၎င်းမှ "ကျွန်တော်ထင်တယ် ကျွန်တော်တို့ က ကိုယ့်ရဲ့ အားသာချက်ကိုသိပြီး ဆန်းသစ်တီထွင်နိုင်ရမယ်။ ခေါင်းဆောင် လုပ်ရတာခက်တယ်။ ဒါပေမယ့် အခြားသူတွေရဲ့ နောက်ကိုလိုက်လုပ်ရတာက ပိုပြီးတော့တောင် ခက်သေးတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်ကတော့ PAKA Showpark ကိုအခြားခရိုင်တွေမှာလည်း တည်ဆောက်ပြီး ကမ္ဘာခရီးသည် တွေကို ပိုမိုဆွဲဆောင်ဖို့ ပါပဲ" ဟုပြောပြပါသည်။
Sittichai မှ ထိုင်းနိုင်ငံ၏ 2016 ခုနှစ် ခရီးသွားလုပ်ငန်းသည် လင်းလက်တောက်ပလျက်ရှိသည်ဟု ဆိုပါသည်။
၎င်းမှ "ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းက များပြားတဲ့ရင်းမြစ်တွေ၊ အရာသာရှိပြီး ကောင်းမွန်တဲ့ အစားအစာတွေ၊ ဖော်ရွေ တဲ့ လူတွေကြောင့် ဆက်ပြီး တိုးတက်လာဦးမှာ" ဟုဆိုပါသည်။


ပိုမိုသိရှိလိုပါက www.pakashowpark.com အားဖတ်ရှုလေ့လာပါ။
Pimsirinuch Borsub ရေးသားတင်ဆက်သည်။

 

 

 

365836