ကုမ္ပဏီအား လယ်သမားများကိုကူညီရန်နှင့်အော်ဂဲနစ်ထုတ်ကုန်များကို ဖန်တီးရန်၊ လူ့ အသိုင်းအ၀ိုင်း အတွင်း၎င်း၏ တာဝန်များကိုမျှဝေရန်နှင့် စီးပွားရေးလုပ်ငန်းများကိုတိုးတက်ဖွံ့ ဖြိုးစေလိုသော ရည်ရွယ်ချက် များဖြင့် တည်ထောင်ထားခြင်း ဖြစ်ပါသည်။

2000 ခုနှစ်တွင် Pakinee Jiwattanapaiboon မှ စီးပွားရေးမော်ဒယ်ပုံစံအတိုင်း ပြည့်ပြည့်၀၀လိုက်နာ ဆောင်ရွက်နေစဉ်မှာပင် အရသာရှိ ၍ ကျန်းမာရေးနှင့်ညီညွတ်သော အော်ဂဲနစ် အစားအစာများကို ထုတ်လုပ်ရန်အတွက် အမြင်အာရုံရရှိခဲ့သည်။ ထို့ ကြောင့်၊ Jiwattanapaiboon မှ စူဖန်းဘူရီ (Suphanburi) နယ်ရှိ လယ်သမားကို ဒေသတွင်းစိုက်ပျိုးနေသည့် ဆန်လုံးညိုအစား ပဲပိစပ်၊ မတ်ပဲ၊ ကြာစေ့၊ နှမ်းဖြူ၊ နှမ်းနက် များကဲ့သို့ သော အစေ့အဆန်များကိုစိုက်ပျိုးရန် စည်းရုံးပြီးနောက် Xongdur အမှတ်တံဆိပ် ကို စတင်တည်ထောင်ခဲ့သည်။

“ငွေရရှိရေးတစ်ခုတည်းကိုသာ ရှေးရှုပြီး လုပ်ငန်းကို စတင်အကောင်အထည်ဖော်ဆောင်ခဲ့ခြင်း မဟုတ်ပါ။ အော်ဂဲနစ် ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် နည်းပညာရပ်များကို တိုးတက် အကောင်အထည်ဖော်ဆောင်လိုခြင်းဖြစ်ပါသည်” ဟု Jiwattanapaiboon မှဆိုသည်။
ဒေသတွင်းနားလည်ထားရှိသည့် ဗဟုသုတအား ခေတ်မှီနည်းပညာများနှင့် ပေါင်းစပ်အသုံးပြုပြီးနောက် Xongdur မှ စီရီရယ်တောင့်များ၊ စီရီရယ်သောက်စရာများမှအစ GABA ဆန်၊ ရွှေဖရုံနှင့် ဟင်းနုနယ် ပေါင်းစပ် ပါဝင်သည့် Xongdur Baby ဟုခေါ်တွင်သော ကလေးအစားအစာများကိုပင် ထုတ်လုပ်နိုင်ခဲ့ သည်။

ကုမ္ပဏီ၏ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့် ခွဲမှုစနစ်နှင့် ပတ်သက် ၍ Jiwattanapaiboon မှ “ကျွန်မတို့ ၏ ထုတ်ကုန် အများစုကို အော်ဂဲနစ်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားပါသည်။ မည်သည့်ဓာတ်မြေသြဇာများကို မှ အသုံးပြုထားခြင်းမရှိသည့်အတွက် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှု အလွန်တရာနည်းပါး ပါသည်။ သရေစာတောင့်များကို ပြုလုပ်သည့်အခါတွင် စည်ကိုအသုံးပြု ၍ အခြောက်ခံသည့် နည်းကိုအသုံးပြုသည်။ လယ်ယာအတွက် အသုံးပြုသည့် ဓာတ်မြေသြဇာကို ဆန်နှင့်နှမ်းတို့ ကဲ့သို့ သော ပါဝင်ပစ္စည်းများကို ဆေး ကြောသည့်ရေကို အချဉ်ဖောက်ခြင်းဖြင့် ရယူအသုံးပြုပါသည်” ဟုရှင်းလင်ပြောပြပါသည်။

 

 
 

Xongdur ထုတ်ကုန်များကို IFOAM၊ အော်ဂဲနစ် အီးယူ၊ USDA နှင့် အော်ဂဲနစ် ကနေဒါ အစရှိသည်တို့  ကဲ့သို့ သော နိုင်ငံတကာအဖွဲ့ အစည်းများ၏ အသိအမှတ်ပြုခြင်းကို ခံရပြီးဖြစ်ပါသည်။ ကုမ္ပဏီမှ သဘာဝ ပတ်ဝန်း ကျင်နှင့် လူ့ အဖွဲ့ အစည်းအတွက် ပေးအပ်သည့် ၄င်း၏ မြင့်မားသည့် စံချိန်စံညွှန်းနှင့် ဆောင်ရွက် မှု များ အတွက် PM Award ဆုကို 2009 ခုနှစ်တစ်ကြိမ်၊ Thailand Trust Mark ဆုကို 2014 ခုနှစ်တွင် တစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။

Jiwattanapaiboon မှ “ကျွန်မတို့ မှာ ဒေသခံများအတွက် သဘာဝတရား၊ သဘာ၀၀န်းကျင်နှင့် မည်ကဲ့သို့  နေထိုင်ရ မည်ကို သင်ကြားပို့ ချပေး သည့် သင်ကြားရေးစင်တာများ ရှိပါသည်။ ဒေသခံလယ်သမားအား ၄င်းတို့ ထံမှ ထွက်ကုန်များကို ကြားခံလူအသုံးမပြုပဲနှင့် သင့်လျော်သည့် ဈေးနှုန်းဖြင့် တိုက်ရိုက် ၀ယ်ယူ ခြင်းဖြင့် ထောက်ခံအားပေးပြီးဖြစ်ပါသည်” ဟု ထပ်လောင်းပြောဆိုပါသည်။ ကနဦး၌ ပင် သူမ၏အဖွဲ့ သည် လယ်သမားအား ကောက်ပဲသီးနှံများကို မည်သို့  မည်ပုံ အော်ဂဲနစ်နည်းဖြင့်စိုက်ပျိုးရမည်များကို သင်ကြား ပို့  ချပေးပြီးသည်သာမက အော်ဂဲနစ် လယ်သမား ကွန်ယက်ကိုလည်း ဖွဲ့ စည်းတည်ထောင်ပြီးဖြစ်ကြောင်း ဆိုပြီးဖြစ်သည်။

ကုမ္ပဏီမှ တောင်သူလယ်သမား၏ နေထိုင်မှုဘ၀ပုံစံကို မျှတသည့်ရောင်းဝယ်ဖောက်ကားမှုနှင့် မြှင့်တင် ပေးနေသည် သာမက လူ့ အဖွဲ့ အစည်းအသိုင်းအ၀ိုင်းတွင်လည်း ထိရောက်စွာ ပါဝင်ဆောင်ရွက်လျက် ရှိသည်။ “လူအများ၏ ဗဟုသုတကို တိုးတက်ဖွံ့ ဖြိုးစေရေးသည် အလွန်တရာအရေးပါလှသည်။ ကျွန်မတို့  တွင် ကလေးများကို စာဖတ်တတ်စေမည့် အစီအစဉ်များရှိသကဲ့သို့ နွေရာသီကမ့် ပရောဂျက်စီမံကိန်းများ လည်း ရှိပါသည်” ဟု Jiwattanapaiboon မှဆိုပါသည်။

စီးပွားရေးကဏ္ဍအနေဖြင့် Xongdur ၏ထုတ်ကုန်များကို ထိုင်းနိုင်ငံရှိ ထိပ်တန်းစူပါမားကက်များတွက် ကျယ်ကျယ်ပြန့် ပြန့် ရောင်းချနေရသည် သာမက မလေးရှား၊ ဟောင်ကောင်၊ စင်္ကာပူ၊ လာအို နှင့် အင်ဒိုနီးရှား စသည့် နိုင်ငံရပ်ခြားဒေသများမှာပင် တွင်ကျယ်စွာရောင်းချနေရပါသည်။

သူမမှ “လူအများမှ ဘေးကင်း ၍ အရသာရှိသော အော်ဂဲနစ် အမှတ်တံဆိပ်ဟုဆိုလျှင် ကျွန်ုပ်တို့ ၏ အမှတ်တံဆိပ် ကိုတွေးမိကြသည်။ Tops ကဲ့သို့ သော စူပါမားကက်ကြီးများပင်လျှင် ကျွန်မတို့ အား ဦးစား ပေးကြသည်။ အကြောင်းရင်းမှာ ကျွန်မတို့ မှ ကျန်းမာရေးနှင့်ညီညွတ်သောလမ်းကြောင်းကို ဦးတည်သည့် အတွက်ဖြစ်မည် ထင်ပါသည်” ဟုပြောဆိုပါသည်။

“အမှတ်တံဆိပ်သည် အလွန်တရာမှပင် ထိုင်း အမှတ်တံဆိပ်ဖြစ်သည်။ အခြားသော တံဆိပ်များနှင့်မတူ၊ အခြား သော တိုင်းပြည်များမှ တင်သွင်းလာသော အလားတူစားသောက်ကုန်များနှင့် အရသာကွဲပြားသော စီရီရယ် ဖြစ်ပါသည်။ ကျွန်မတို့  ဤကဲ့သို့ ကွဲပြားသည်ကို ဂုဏ်ယူရသကဲ့သို့ ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွားရေးအဖြစ် ဆက်လက်တိုးတက်လိုပါသည်။”

ပိုမိုသိရှိလိုပါက http://www.xongdur.com အားလေ့လာကြည့်ရှုနိုင်ပါသည်။

Sirinuch Borsub မှရေးသားဖော်ပြသည်။

 

 

 

368753